Pages

Tuesday, April 9, 2013

ရာသီပူ၍ ရှင်မတောင် သနပ်ခါး တန်ဖိုးမြင့်တက်

ဧပြီ(၉)
မတ်လကုန်ပိုင်း မှစ၍ သနပ်ခါး ဈေးကွက်အတွင်း ရှင်မတောင် သနပ်ခါး များမှာ ဈေးနှုန်း မြင့်တက်ကာ ၀ယ်လိုအား ကောင်းမွန် လျက် ရှိကြောင်း သနပ်ခါး ကုန်သည် များနှင့် စိုက်ပျိုးသူ အသိုင်း အ၀ိုင်းက သိရပြီး ဈေးကွက် အတွင်း ၀ယ်လိုအား များ၍ ဈေးနှုန်း မြင့်တက် လာရခြင်းမှာ ခုတ်ထွင် ပြီးသော သနပ်ခါး အစိုများအား မှိုမတက် စေရန်အတွက် ပူပြင်းသော နွေရာသီ တွင် သုံးစွဲသူများမှာ ၀ယ်ယူ သိုလှောင်မှု များပြား လာခြင်း ၊ ရာသီဥတု အပူချိန် မြင့်တက်လျက် ရှိသောကြောင့် သနပ်ခါး ၀ယ်ယူ သုံးစွဲသူ များပြား နေခြင်းကြောင့် ဖြစ်ကြောင်း သနပ်ခါး ကုန်သည် များထံမှ သိရသည်။

နွေရာသီတွင် သနပ်ခါး အတုံးများကို တစ်နှစ်စာ ၀ယ်ယူ စုဆောင်းသူ များပြားကြောင်း ၊ အချို့မှာ ကြိတ်ပြီးသား အနှစ် များကိုလည်း ၀ယ်ယူကြောင်း နှင့် နွေရာသီ အတွက် သနပ်ခါး အမြစ်တုံး များကိုလည်း ၀ယ်ယူလေ့ ရှိကြောင်း သုံးစွဲသူတို့ ထံမှ သိရပြီး မြန်မာ့ သနပ်ခါး မှာ မြန်မာ့ ရာသီဥတု နှင့် အကိုက်ညီဆုံး ဖြစ်သောကြောင့် မိန်းကလေး လူကြီး လူငယ် ကလေး အများစု သုံးစွဲကြကြောင်း သိရှိရသည်။

မြ၀တီ

http://bit.ly/XaetZN

Re-Post By ACM  9-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ<< Thank

No comments:

Post a Comment