Pages

Tuesday, April 23, 2013

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌တွေ့ရှိ

ဧပြီ(၂၃)
တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီပြည်နယ်ပါ မို့ခ်ခါလီမြို့တွင် ဂရိနှင့်ရောမဒဏ္ဍာရီများထဲမှ ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခုကို အီတလီရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဧပြီ၂ရက် DailyMail သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ဘီစီ၁၉၀ခန့်က ဟိုရာပိုလစ်ဟု အမည်ရသော ယင်းဒေသတွင် ပါဂန်မစ်မျိုးနွယ်ဝင် အူမန်နက်စ်IIဘုရင်က ပရိုင်ဂျီယန်ရှေးဟောင်းမြို့တော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင်ငရဲပြည်ဟု မုခ်တံခါးဝဟု ယူဆရသော အဆောက်အအုံတစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့ကတွေ့ရှိခဲ့ရသည်။ ထိုအဆောက်အအုံ၏ အောက်ခြေလှိုဏ်ခေါင်းအတွင်း၌ အပူချိန်မြင့်မားပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်သော မြူခိုးများထူထပ်စွာ ဖုံးလွှမ်းနေသည်ကို တွေ့ရှိရသောကြောင့် သိပံ္ပပညာရှင်များက ငှက်များစေလွှတ်၍ ပျံသန်းစေသောအခါ အဆိပ်ဓာတ်ငွေ့သင့်၍ သေဆုံးသွားသည်ကို တွေ့ရှိရသည်။

ပြည်မြန်မာ
ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌တွေ့ရှိ

တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီပြည်နယ်ပါ မို့ခ်ခါလီမြို့တွင် ဂရိနှင့်ရောမဒဏ္ဍာရီများထဲမှ ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခုကို အီတလီရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဧပြီ၂ရက် DailyMail သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ဘီစီ၁၉၀ခန့်က ဟိုရာပိုလစ်ဟု အမည်ရသော ယင်းဒေသတွင် ပါဂန်မစ်မျိုးနွယ်ဝင် အူမန်နက်စ်IIဘုရင်က ပရိုင်ဂျီယန်ရှေးဟောင်းမြို့တော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင်ငရဲပြည်ဟု မုခ်တံခါးဝဟု ယူဆရသော အဆောက်အအုံတစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့ကတွေ့ရှိခဲ့ရသည်။ ထိုအဆောက်အအုံ၏ အောက်ခြေလှိုဏ်ခေါင်းအတွင်း၌ အပူချိန်မြင့်မားပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်သော မြူခိုးများထူထပ်စွာ ဖုံးလွှမ်းနေသည်ကို တွေ့ရှိရသောကြောင့် သိပံ္ပပညာရှင်များက ငှက်များစေလွှတ်၍ ပျံသန်းစေသောအခါ အဆိပ်ဓာတ်ငွေ့သင့်၍ သေဆုံးသွားသည်ကို တွေ့ရှိရသည်


Re-Post By ACM 23-4-2013
အေးချမ်းမွန် Credit & Copy From >ပြည်မြန်မာ <<Thank

No comments:

Post a Comment