Pages

Tuesday, April 23, 2013

အင်းလေးကန်သည်-ယ္ခင် က 60 km အရှည်နှင့် 13km အကျယ် ရှိခဲ့ သော်လည်း ယခုအခါတွင် 18km အရှည်နှင့် 6km အကျယ်သာကျန်ရှိတော့သည်

ဧပြီ(၂၃)
 
လွန်ခဲ့သောနှစ်၂၀ ကျော်အချိန်ခန့် ကတည်းကပင် ဘူမိဗေဒ ပညာရှင်များသည်၊ အင်းလေးကန်အား မထိန်းသိမ်းပါက နှစ်(၅၀) အတွင်း တိမ်ကော သွားနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ထို့သို့ တိမ်ကော သွားပါက ကန်အတွင်းရှိ ရေခြံနှင့်၊ ကျွန်းမျော စိုက်ခင်းများ ဆုံးရှုံးသွားပြီး ဒေသခံများ၏ ဘဝ ရပ်တည်မှုနှင့် ဂေဟ စံနစ်များပါ ပျက်စီး သွားနိုင်မည်ဟု ပညာရှင်များက ပြောသည်။

 
လက်ရှိ အချိန်တွင် တဖြေးဖြေး တိမ်ကောခမ်းခြောက်စ ပြုနေသော အင်းလေးကန် ထိန်းသိမ်းရန် ၊ဒေသခံများ အသိပညာ လူမှုဘဝနှင့် စီးပွားရေးပိုမို တိုးတက်လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် ရည်ရွယ်ပြီး၊ ၈၈မျိုးဆက်(ရှမ်းပြည်) ပွင့်လင်း လူအဖွဲ့စည်းဝင်များသည်  အင်းလေး ဒေသထိန်းသိမ်းရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ သည်။
PALAUNG NATIONAL SOCIETY - JAPAN

No comments:

Post a Comment