Pages

Wednesday, April 24, 2013

ဖုန်းကဒ်များ လာရောက် ထုတ်ယူရာမှာ ကိုယ်တိုင်လာရောက် ထုတ်ယူဖို့လို

ဧပြီ(၂၄)
တာချီလိတ်မြို့တွင် ယနေ့မှစ၍ ဧပြီလ(၂၆)ရက်နေ့ထိ (၁၅၀၀)ကျပ်တန် ဖုန်းကဒ်များကို မဲပေါက်သူများအား ထုတ်ပေးနေလျှက်ရှိရာ မိုဘိုင်းဖုန်းရောင်းချရေးကော်မတီမှ "မိမိအမည်ဖြင့်သာ လျှောက်ထားပြီး မဲပေါက်သော ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူစေလိုကြောင်း၊ ဆိုင်ကယ်သမားများအား စေလွှတ်၍ ထုတ်ယူခိုင်းခြင်း၊ လူအငှားဖြင့် ထုတ်ယူခိုင်းခြင်းမျိုး မပြုလုပ်ကြစေလိုကြောင်း" ပြောကြားလာပြီး "ကာယကံရှင်ကိုယ်တိုင်မဟုတ်ပဲ လာရောက်ထုတ်ယူသွားလျှင်သော်လည်းကောင်း၊ (၁၅၀၀)ကျပ်ထက် ပိုလွန်၍ တောင်းခံခြင်းသော်လည်းကောင်း၊ (၁၅၀၀)ကျပ် ကို (၁၅၀၀)ဘတ်ဟု သတ်မှတ်ကာ တောင်းခံခြင်းများ ဖြစ်ပေါ်လာပါက ကော်မတီမှ တာဝန်ယူမည်မဟုတ်ကြောင်း"ထပ်မံပြောကြားလာသည်။
Tachileik Online News

No comments:

Post a Comment