Pages

Wednesday, April 24, 2013

“ပြင်သစ်တွင် လိင်တူချင်းလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်”

ဧပြီ(၂၄)
ပြင်သစ် ပါလီမန်သည် နိုင်ငံအတွင်း လိင်တူချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ကို လက်ခံ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တောင်းဆိုမှုသည် မဲပေးရာတွင် (၃၂၁)ဦး၌ (၂၂၅)မဲ ရရှိခဲ့သည့်နောက် အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပြင်သစ်သည် ကမ္ဘာပေါ်တွင် လိင်တူချင်း ထိမ်းမြားမှုကို အသိအမှတ်ပြု လက်ခံသည့် (၁၄)ခုမြောက် နိုင်ငံလည်း ဖြစ်လာသည်။ ယခုဆုံးဖြတ်ချက်သည် လိင်တူချင်း ထိမ်းမြားခွင့်ကို တရားဝင် အသိအမှတ်ပြုရန် ကာလရှည်ကြာ တောင်းဆိုလာသည့် လိင်တူချစ်သူများအတွက် အောင်ပွဲတစ်ရပ်လည်း ဖြစ်လာခဲ့သည်။ ပြင်သစ်တွင်လည်း အခြားနိုင်ငံများနည်းတူ ယခုကိစ္စနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှု၊ စကားစစ်ထိုးမှုများ ရှိခဲ့သည်။
Planet Myanmar Network

Read more http://www.planet.com.mm/news/read.cfm/id/21405

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > Planet Myanmar Network
 <<Thank

No comments:

Post a Comment