Pages

Thursday, April 25, 2013

ပလောင်လူမျိုး(၃)ဦးအား ဘိန်းစွဲသည်ဟု အကြောင်းပြချက်ဖြင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ ယွက်စစ်အဖွဲ့မှ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

ဧပြီ(၂၅)

၂၀၁၃ ခုနှစ် ဧပြီ(၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့နယ်ခွဲ၊ ဟိုနောင်ကျေးရွာအုပ်စုတွင် ပလောင်လူမျိုး(၃) ဦးအား ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်စစ်အဖွဲ့မှ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက ရွာထဲကို ယွက်ဆစ်အဖွဲ့တစ်ဖွဲ့ သေနတ်တွေပစ်ဖောက်ပြီး ၀င်လာတယ်၊ ဒီရွာမှာက ပလောင်ရွာလေ၊ ဘိန်းစွဲနေတာကို အပြစ်ပေးမယ်လို့အကြောင်းပြပြီး ရွာသား(၃)ယောက်ကို အတင်းဝင်ဖမ်းတယ်၊ ဒီရှမ်းပြည်မှာနေတဲ့ ယောင်္ကျားတိုင်းဘိန်းမစားတဲ့သူ မရှိသလောက်ရှားပါတယ်၊ သူတို့အဖွဲ့ဝင်တွေဆို ပိုတောင်ဆိုးသေး တယ်၊ ယောင်္ကျားတွေကို ဖမ်းသွားတော့ မိန်းမတွေနဲ့ ကလေးတွေက ငိုယိုပြီး တောင်းပန်ကြပါတယ်၊ သေနတ်နဲ့ပစ်မယ် လုပ်လို့ ဒီအတိုင်းပဲ ငြိမ်ခံနေလိုက်ကြရတယ်၊ ပလောင်လူမျိုးတွေအပေါ် ယွက်စစ်အဖွဲ့က အမြဲတမ်းအနိုင်ကျင့်နေတာပါ၊ ဖမ်းသွားတဲ့(၃)ယောက်ကို တပ်သားသစ်လုပ်ခိုင်းမှာပါပဲ ” ဟိုနောင်ရွာသားတစ်ဦးက ပြောပြခဲ့သည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်စစ်အဖွဲ့သည် ခိုလမ်မြို့နယ်ခွဲအပါအ၀င် နမ့်စန်၊ လွယ်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင် စသည့်မြို့နယ်များတွင်လည်း ပလောင်၊ ပအို့ဝ်၊ လားဟူ လူမျိုးများကို ဘိန်းစွဲနေသည်ဟု အကြောင်းပြကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေသောကြောင့် ဒေသခံတိုင်းရင်းသား မိသားစုများမှာ အားကိုးရာမဲ့ဖြစ်ကြရပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြရကြောင်း သိရှိရပါသည်။
စော်ဘွားလေး
ပလောင်လူမျိုး(၃)ဦးအား ဘိန်းစွဲသည်ဟု အကြောင်းပြချက်ဖြင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ ယွက်စစ်အဖွဲ့မှ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

25/4/2013

၂၀၁၃ ခုနှစ် ဧပြီ(၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့နယ်ခွဲ၊ ဟိုနောင်ကျေးရွာအုပ်စုတွင် ပလောင်လူမျိုး(၃) ဦးအား ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်စစ်အဖွဲ့မှ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက ရွာထဲကို ယွက်ဆစ်အဖွဲ့တစ်ဖွဲ့ သေနတ်တွေပစ်ဖောက်ပြီး ၀င်လာတယ်၊ ဒီရွာမှာက ပလောင်ရွာလေ၊ ဘိန်းစွဲနေတာကို အပြစ်ပေးမယ်လို့အကြောင်းပြပြီး ရွာသား(၃)ယောက်ကို အတင်းဝင်ဖမ်းတယ်၊ ဒီရှမ်းပြည်မှာနေတဲ့ ယောင်္ကျားတိုင်းဘိန်းမစားတဲ့သူ မရှိသလောက်ရှားပါတယ်၊ သူတို့အဖွဲ့ဝင်တွေဆို ပိုတောင်ဆိုးသေး တယ်၊ ယောင်္ကျားတွေကို ဖမ်းသွားတော့ မိန်းမတွေနဲ့ ကလေးတွေက ငိုယိုပြီး တောင်းပန်ကြပါတယ်၊ သေနတ်နဲ့ပစ်မယ် လုပ်လို့ ဒီအတိုင်းပဲ ငြိမ်ခံနေလိုက်ကြရတယ်၊ ပလောင်လူမျိုးတွေအပေါ် ယွက်စစ်အဖွဲ့က အမြဲတမ်းအနိုင်ကျင့်နေတာပါ၊ ဖမ်းသွားတဲ့(၃)ယောက်ကို တပ်သားသစ်လုပ်ခိုင်းမှာပါပဲ ” ဟိုနောင်ရွာသားတစ်ဦးက ပြောပြခဲ့သည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်စစ်အဖွဲ့သည် ခိုလမ်မြို့နယ်ခွဲအပါအ၀င် နမ့်စန်၊ လွယ်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင် စသည့်မြို့နယ်များတွင်လည်း ပလောင်၊ ပအို့ဝ်၊ လားဟူ လူမျိုးများကို ဘိန်းစွဲနေသည်ဟု အကြောင်းပြကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေသောကြောင့် ဒေသခံတိုင်းရင်းသား မိသားစုများမှာ အားကိုးရာမဲ့ဖြစ်ကြရပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြရကြောင်း သိရှိရပါသည်။

No comments:

Post a Comment