Pages

Wednesday, April 10, 2013

ထူးထူးခြားခြား အလွန် သေးငယ်သော ကြက်ဥ

ဧပြီ(၁၀)

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဧပြီ ၆ ရက်က ကြက်ဥသည် ငုံးဥ အရွယ်ထက် နှစ်ချိုး တစ်ချိုး အရွယ်သာ ရှိသည့် ကြက်ဥ ရှိကြောင်း သိရ၍ စာရေးသူ ကိုယ်တိုင် သွားရောက် ကြည့်ရှု ခဲ့သည်။
အဆိုပါ ကြက်ဥကို ကျုံဒိုးမြို့ အမှတ် (၁) ရပ်ကွက် ပေါ်တော်မူ ဘုရားရှေ့ ဥတ္တရလမ်း နေအိမ်အမှတ် (၉၈) ဦးမြင့်သိန်း (ခ) ဦးရွှေခင် နေအိမ်၌ ကြက်နှင့် ဘဲများ မွေးမြူထားရာ ဧပြီ ၆ ရက်က ကြက်မ တစ်ကောင်မှ လေး လုံးမြောက် ဥပြီးနောက် နောက်တစ်ရက်တွင် နှစ်လုံးဥရာ တစ်ဥသည် အမြုတေလုံး ဖြစ်ပြီး ငုံးဥ အရွယ်ထက် ပင် သေးငယ်သော ကြက်ဥအဖြစ် တွေ့ရသည်။

ယင်း ကြက်ဥသည် ဆယ်ပြားစေ့နှင့် တိုင်းပါက အရွယ်အစား တူညီလျက် ရှိသည်။ အရွယ်အစား အားဖြင့် အလွန် သေးငယ်သည့် အတွက်ကြောင့် မတွေ့မမြင် ဖူးသူများ တအံ့တသြ လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။ 
မြ၀တီ

http://bit.ly/14aFTnx

No comments:

Post a Comment