Pages

Wednesday, April 10, 2013

Bosch ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်သည့် ဂျာမနီထိပ်တန်း နည်းပညာ ကုမ္ပဏီမှ နည်းပညာမြင့် ကုန်စည်များဖြင့် မြန်မာဈေးကွက်သို့ စတင်ဝင်ရောက်

ဧပြီ(၁၀)

boschcarcompany-april10
Bosch ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ရုံးခန်းအား တွေ့ရစဉ်
ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Bosch ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ရုံးခွဲကို ဧပြီလ ၅ ရက်က ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေး၊ လျှပ်စစ်၊ စက်မှု၊ ကားနှင့် ဒီဇယ်နည်းပညာများဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၀င်ရောက်လာပြီဖြစ်ကြောင်း Bosch မြန်မာပြည်ကိုယ်စားလှယ် ရုံးခွဲထံမှ သတင်းရရှိသည်။
အရှေ့တောင်အာရှ Bosch ကုမ္ပဏီ ဥက္ကဋ္ဌ Martin Hayes က "အရှေ့တောင်အာရှမှာ Bosch Market က အလျင်အမြန် ကြီးထွားလာနေပါပြီ။ Bosch ရဲ့ ပြည်တွင်းဈေးကွက် အနေနဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်မြို့ကတစ်ဆင့် တခြားမြို့နယ် အသီးသီးမှာလည်း ချဲ့ထွင်သွားဖို့ အလားအလာကောင်းတွေ ရှိပါတယ်" ဟု ပြောသည်။
Bosch ၏ လုံခြုံရေးစနစ်တွင် လုံခြုံရေး၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများနှင့် ကိရိယာများ ပါဝင်မည် ဖြစ်ပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများကို ၀န်ဆောင်မှုပေးမည် ဖြစ်သည်။
စက်မှုလုပ်ငန်းသုံး လျှပ်စစ်ကိရိယာ ထုတ်လုပ်မှုတွင်လည်း Bosch သည် ကမ္ဘာ့ဦးဆောင် လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ စတင်ရောင်းချနေပြီ ဖြစ်သည်။ မြန်မာမိတ်ဖက် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အရောင်းပြခန်း ဖွင့်လှစ်ပြီးဖြစ်ကာ လာမည့်နှစ်တွင်လည်း အရောင်းပြခန်းများကို နိုင်ငံအနှံ့ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Bosch သည် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ကာ ၀န်ဆောင်မှု စင်တာများကိုလည်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မော်တော်ယာဉ်နှင့် ဒီဇယ်ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချသည့် စင်တာများဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။ ပထမဦးဆုံး Bosch ကားဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှု စင်တာကို ၂၀၁၃ ခုနှစ် ဒုတိယလေးလပတ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထို့ပြင် Bosch သည် Thermo- technology နည်းပညာ ကုန်ပစ္စည်းများဆိုင်ရာ ကုန်ပစ္စည်းများအတွက် မြန်မာမိတ်ဖက် ကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဟိုတယ်၊ အထည်ချုပ် စက်ရုံများနှင့် စားသောက်ကုန် လုပ်ငန်းများသုံး ဘွိုင်လာများနှင့် အအေးပေး စနစ်များကို တပ်ဆင်ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဂျာမနီ အခြေစိုက် Bosch သည် စက်မှုထုတ်ကုန်များနှင့် အီလက်ထရောနစ် ထုတ်ကုန်များ အဓိက ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်သူလည်း ဖြစ်သည်။
Bosch ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ရရှိနိုင်မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေ ယူရို ၅၂ ဒသမ ၃ ဘီလျံ ရရှိခဲ့သည်။ Bosch ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲကို အမှတ် ၆၀ (ဘီ) ကမ္ဘာအေးဘုရားလမ်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။
eleven

No comments:

Post a Comment