Pages

Monday, April 22, 2013

အင်ဒိုနီးရှားသမ္မတ မနက်ဖြန် မြန်မာနိုင်ငံသွားမယ်

ဧပြီ(၂၂)
အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က မနက်ဖန်ကျရင်
မြန်မာနိုင်ငံထဲကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့သိရပါတယ်။

အခုသွားရောက်လည်ပတ်မယ့် ခရီးစဉ်ဟာ စင်္ကာပူနိုင်ငံကို သွားရောက်လည်
ပတ်အပြီးမှာ သွားရောက်မှာဖြစ်ပါတယ်။ သမ္မတ Susilo Bambang Yudhoyono ဟာ စင်္ကာပူနိုင်ငံကို ဒီကနေ့ပဲထွက်ခွါမှာသွားမှာဖြစ်ပါတယ်လို့ တရုတ်နိုင်ငံက Xinhua သတင်းဌာနထဲမှာဖော်ပြထားပါတယ်။

စင်္ကာပူနိုင်ငံခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong နဲ့တွေ့ဆုံမှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု၊ လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းရည်မြင့်တင်ရေးနဲ့ စိုက်ပျိုးရေးစီးပွားရေး
လုပ်ငန်း၊ အကြမ်းဖက်သမားတွေကိုနှိမ်နှင်းဖို့အကြောင်းတွေနဲ့ စီးပွားရေး
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အကြောင်းတွေကို အတူပူးတွဲလုပ်ဆောင်ဖို့အတွက်
ဆွေးနွေးကြမှာဖြစ်လို့ ဆိုပါတယ်။

သမ္မတ Susilo Bambang Yudhoyono ဟာ စင်္ကာပူနိုင်ငံ Rajaratnam တက္ကသိုလ် နိုင်ငံတကာဘာသာဌာနကပေးအပ်တဲ့ ဂုဏ်ပြုဘွဲ့ကိုလည်း လက်ခံရရှိမှာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကိုနှစ်ရက်ကြာ သွားရောက်လည်ပတ်
မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားသမ္မတနဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ကုန်သွယ်ရေး၊ အရည်အသွေးမြင်တင်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် ချုပ်ဆိုပွဲတွေကို မျက်မြင်သက်သေအဖြစ် တက်ရောက်ကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်အပြီး အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono အနေနဲ့ ဘရူနိုင်းနိုင်ငံမှာကျင်းပမဲ့ နှစ်ဆယ့်နှစ်ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးကိုသွားတက်ရောက်
မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ABC Radia Australia

No comments:

Post a Comment