Pages

Wednesday, April 24, 2013

ဘ၀ကို အရှုံးမပေးသူများ

ဧပြီ(၂၄)
ဒီနေ့ နေ့လည်ခင်း တောင်ဥက္ကလာဖက်ရောက်တုန်း ကြည်နူးစ ရာ မြင်ကွင်းလေးတစ်ခု မြင်တွေ့ခဲ့ရတယ်။ ဖခင်လုပ်သူ ဆိုက္ကားဆရာက ခရီးသည်စောင့်မျှော်နေရှာရင်း သူ့သမီးလေးကို သူတတ်သလောက် စာသင်ပေးနေပုံလေးပါ။

ချစ်ချစ်တောက်ပူပြင်းတဲ့နွေနေပူပူအောက်က သားအဖနှစ်ယောက် အချီအချ စာသင်၊ စာအံသံလေးတွေဟာ အဲဒီနားတစ်ဝိုက်မှာ မင်္ဂလာရှိစွာပျံ့ လွင့်လို့နေပါတယ်။

ကျွန်တော် သူတို့နားမှာ နာရီဝက်လောက်ကြာအောင် ရှိနေတာတောင် ဖခင်ရဲ့ စာသင်ချိန်က မပြီးဆုံးသေးပါဘူး။ သမီးလေးခမျာလည်း ဇွဲကောင်းကောင်းနဲ့ မငြီးမငြူ သင်နေရှာပါတယ်။

ဖခင်ဖြစ်သူက ချစ်သမီးလေးအိုက်နေမှာစိုးရှာလို့ ထင်ရဲ့။ စာသင်ပေးရင်း ယပ်တောင်လေးပါ ခပ်ပေးနေရှာတယ်ဗျာ။

ဘာပဲဖြစ်ဖြစ် ဘ၀ပေးကံကြောင့် မျက်နှာမွဲရခဲ့ရှာပေမယ့် ကိုယ့်သားသမီးခေတ်ကျရင် မျက်နှာမငယ်စေရဘူးဟဲ့ ဆိုတဲ့အားမာန်နဲ့ မိမိတတ်စွမ်းသမျှ ပညာရေးအားပေးနေရှာတဲ့ အဲဒီဖခင်ဖြစ်သူရဲ့ စိတ်ဓာတ်နဲ့ သမီးလေးရဲ့ ဇွဲ၊ လုံ့လတို့ကို ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုပညာရေးကို အလေးပေး၊ တန်ဖိုးထားရကောင်း မှန်းသိသူ အောက်ခြေလူတန်းစားတွေ များများလိုအပ်ပါတယ်။
Myanmar Online News

Posted From Kyaw Hlaing Win

No comments:

Post a Comment