Pages

Wednesday, April 24, 2013

လက်နက်ကိုင် အချင်းချင်းအပေါ်တွင်သာမက ရှမ်းပြည်လူထုကိုပါ UWSA “ ၀ ” အဖွဲ့ ဗိုလ်ကျစိုးမိုးနေသည်

ဧပြီ(၂၄)



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ မိုင်းနန်းအုပ်စုတွင် UWSA “ ၀ ” အဖွဲ့ မှ ဂိတ်ကြေးကောက် ခံ နေ မှုများ အပေါ် ဒေသခံတိုင်းရင်းသားများက ခံပြင်းဒေါသဖြစ်နေကြကြောင်း သိရှိရသည်။
“ မိုင်းကာနဲ့ မိုင်းနန်းကြားက ဒီအဲတာရွာအထွက်မှာ အခုထိ ‘၀’ အဖွဲ့ ကို ဂိတ်ကြေးပေးနေရတယ် ၊ ဟိုးအရင်တုန်းက အစိုးရတပ်ဂိတ် ၊ လားဟူဂိတ်တွေ မတ်လကုန်လောက်မှာစပြီး ဖြုတ်လိုက်ပေမယ့် ဒီ ‘၀’အဖွဲ့ ကအခုထိ မဖြုတ်ဘဲ ဂိတ်ကြေးကောက်တုန်း။ ဒီဒေသမှာ ရှမ်းနဲ့အခါလူမျိုးတွေ အခုလို ‘၀’ အဖွဲ့ ရဲ့ အနိုင်ကျင့် ခံနေရတာကို ကျွန်တော်တို့ အထင်ကြီးနေတဲ့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့က ဘာမှမလုပ်ဘဲ မသိချင်ယောင် ဆောင်နေတယ်၊ ‘၀’ အဖွဲ့ ကို ကြောက်နေတာလားမသိပါဘူး ” ဟု အဲတာရွာသားတစ်ဦးမှ ပြောပြသွားသည်။

ထိုနန်းတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်မြို့ ၊မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ဟွေပူကျေးရွာက ဒေသခံ ရှမ်းနှင့်အခါလူမျိုးများကိုလည်း မြေနေရာခုတ်ထွင်ရှင်းလင်းခြင်းမပြုဖို့ “၀” အဖွဲ့ က ခြိမ်းခြောက်တားမြစ်မှု ဧပြီ ၂၁ ရက် နေ့က ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။


“ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ရွာနားက တောင်ယာတွေမှာပဲ စိုက်ပျိုးကြတာပါ၊ ဒါပေမယ့် ‘၀’ အဖွဲ့ က မွေးထားတဲ့ နွားခြံတွေရှိတယ်၊ နွားတွေက တောင်ယာတွေထဲဝင်စားတော့ ပြဿနာတက်ရတယ်၊ လျော်
ကြေး လည်းမရဘူး၊ သူတို့ခြိမ်းခြောက်တာလည်းခံရတယ်၊ အခုဒီဘော်အူချောင်းနားမှာ မြေ (၁၀) ဧကခုတ် ထွင် ရှင်းလင်းနေတာကို ‘၀’ အဖွဲ့ က မလုပ်ဖို့ခေါ်ပြောတယ်၊ ချောင်းရေခမ်းမှာစိုးလို့၊ ထိုင်း - မြန်မာ ဘိန်း အစားထိုး သီးနှံစီမံကိန်းအတွက် ချောင်းရေတွေကို ဆည်ခံပြီး မိုင်းကန်ဒေသသောက်သုံးရေ ဖူလုံအောင်လုပ်ပေးနေတာ ဆိုပြီး အကြောင်းပြတယ်၊ ကျွန်တော်တို့က ဆက်လုပ်မှာပဲ ၊ ရွာနားမှာ ပြန် လုပ်စေချင်ရင် သူတို့နွားခြံတွေနေရာ ရွှေ့ပေးပေါ့ ၊ ဒါကျွန်တော်တို့ကို အနိုင်ကျင့်တာဗျ၊ ကျွန်တော်တို့ ရှမ်းတွေကို ‘၀’ ကအနိုင်ကျင့်နေတာ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)အဖွဲ့ က ဒီအတိုင်းကြည့်နေလား မပြောတက်ဘူး ” ဟု ဟွေပူရွာသား တောင်သူတစ်ဦး က ပြောပြသွားသည်။

၂၀၁၂ခုဇူလိုင်လ၃၀ရက်နေ့တွင် နှစ်ဘက်တပ်ဖွဲ့ဝင်များ၏ထိစပ်နယ်မြေ ဖြစ်သည့်ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုန်မြို့နယ်အတွင်း SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် စွပ်စွဲပြီး UWSA တပ်ဖွဲ့ဝင်များ က ဖမ်းဆီးခဲ့သည်။ မိမိတို့၏ တပ်စခန်းဟောင်း နေရာတွင် တပ်စခန်းလာရောက် ဆောက်လုပ်ခြင်းကြောင့် SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု UWSA က ပြောသည်။ တစ်လခန့် ဖမ်းဆီး ထားပြီးမှ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)တပ်ဖွဲ့ဝင် ၁၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ UWSA “၀”အဖွဲ့ ကတော့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့ကို မထီမဲ့မြင်သဘောမျိုးဖြင့် ရှမ်းနှင့် အခါလူမျိုးများအပေါ် အနိုင်ကျင့် နေသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု မော်စလီကျေးရွာမှာရှိတဲ့ ကောင်းမှု ထပ်ဆောင်ကျန့် ဓာတ်တော်တောင်စေတီကုန်းတော်မှာ UWSA“၀” တပ်ဖွဲ့က တပ်ရင်းတစ်ရင်း လာရောက် နေထိုင်ပြီး ဗုဒ္ဓဘာသာကုန်းတော်ပေါ်မှာ တိရစ္ဆာန်တွေသတ်ဖြတ်စားသောက်ခြင်း၊ မစင်စွန့်ခြင်း စတဲ့ အမြင် မတော်တဲ့လုပ်ရပ်များ လုပ်နေခဲ့သည်။ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒကိုယ်တိုင်က သာ့သနာနယ်မြေမှာ တိရိစ္ဆာန်သတ်ဖြတ်စား သောက်ခြင်းမပြုဖို့နဲ့အညစ်အကြေးတွေမစွန့်ပစ် ဖို့ မေတ္တာ ရပ်ခံခဲ့ပေမယ့် “၀” တပ်ဖွဲ့က လက်ခံခြင်း မရှိခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက် လို့ ကျောင်းထိုင်ဆရာတော် နဲ့ရပ်ရွာ လူကြီးတွေ ဦးဆောင်ပြီး မိုင်းတုံမြို့၊မြို့မမွေတော် ကျောင်းရှိမြို့နယ်သံဃာ့နာယကဆရာတော်ကြီး ဘဒ္ဒန္တဇာရိန္ဒထံ တင်ပြတိုင်ကြားခဲ့တဲ့ အကြောင်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း တိုင်စာပေးပို့ ထားကြောင်း သိရပါသည်။

လက်နက်ကိုင် အချင်းချင်းအပေါ်တွင်သာမက ရှမ်းတိုင်းရင်းသား၊ဘာသာရေးအပေါ် အနိုင်ကျင့် စိုးမိုးနေသော UWSA “၀” အဖွဲ့ ကို ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ က ကြောက်စရာ ကိစ္စတွေများ ရှိနေသလားဟု ထင်မြင်နေကြကြောင်း၊ ရှမ်းလူမျိုးများအတွက် အကာအကွယ်မပေး နိုင်သော ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ ကို ဒေသခံများက အထင် အမြင်သေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။



တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ UWSA တပ်ဖွဲ့တွေဟာ အင်အားသုံးသောင်းခန့်ရှိပြီး အတောင့်တင်းဆုံး အဖွဲ့ဖြစ်သလို ယခင်က ကွန်မြူနစ်ပါတီမှ ခွဲထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ UWSA အဖွဲ့ဟာ UNFC အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း မရှိတဲ့အပြင် အခြား တိုင်းရင်းသားများနဲ့ ရောထွေးဆက်ဆံခြင်း မရှိတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ UWSA ဟာ KIA နဲ့ SSA တပ်ဖွဲ့တွေကို နောက်ကွယ်မှ လက်နက်ခဲယမ်း ရောင်းချထောက်ပံ့နေတယ်လို့ စစ်ဘက် နီးစပ်သူများရဲ့ အတည်ပြုဆဲ သတင်းများအရ သိရှိရပါသည်။

No comments:

Post a Comment