တရုတ်က KIO/KIA အဖွဲ့ကို “၀” အဖွဲ့ကဲ့သို့ လက်ကိုင်တုတ်အဖြစ် အသုံးချနေပြီလား
ဧပြီ(၂၅)
၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှစ၍ KIO/KIA အဖွဲ့မှ ခေါင်းဆောင်ပိုင်းအချို့
တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ ဒေသခံများကြားတွင်
KIO/KIA အဖွဲ့သည် တရုတ်သဘောတူညီမှုရရှိမှသာ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးလိမ့်မည်ဟု ဝေဖန်မှုများထွက်ပေါ်လာပြီး “၀” အဖွဲ့ကဲ့သို့
တရုတ်၏လက်ကိုင်တုတ်အဖြစ် KIO/ KIA အဖွဲ့ကို အသုံးချနေပြီဟူသော
သတင်းများထွက်ပေါ်လာသည်။
“၀” အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့်
ငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးကာ အပစ်အခတ်ရပ်စဲထားသော လက်နက်
ကိုင်အဖွဲ့အစည်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းရထားသည်။ သို့သော်
“၀” ပြည်ထူထောင်ရေးဆိုပြီး ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန်
တောင်းဆိုထားပြီးဖြစ်သလို တရုတ်၏လက်ကိုင်တုတ်အဖြစ် ယနေ့အချိန်အထိ
အသုံးချခံနေရဆဲ ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ T-69
အမျိုးအစားဒုံးပစ်လောင်ချာများ၊ ၁၂.၇ မမနှင့် ၁၄.၅ မမ စက်သေနတ်ကြီးများ၊
ZU-23-2 (သို့မဟုတ်) ZU-23-4 အမျိုးအစားလေယာဉ်ပစ်အမြောက်များ၊ T-36 ၊ ၅၇ မမ
အမျိုးအစားနှင့် T-52 .၇၅ မမ အမျိုးအစား ရိုင်ဖယ်များနှင့် ၁၂၀ မမ
အထိရှိသော စိန်ပြောင်းကြီးများအပါအ၀င် ၁၂၂ မမနှင့် ၁၃၀ မမ
စိန်ပြောင်းကြီးများ၊ HN-5 ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများကို “၀” အဖွဲ့သို့
ပေးခဲ့သည်။ အထူးအခြားဆုံးမှာ “၀” အနေဖြင့်
ယခင်ကအသုံးပြုခဲ့ဖူးခြင်းမရှိသည့် သံချပ်ကာယာဉ်
များရောက်ရှိလာမှုပင်ဖြစ်သည်။ တရုတ်နိုင်ငံထုတ် PTL-20 အမျိုးအစား
သံချပ်ကာလူသယ်ယာဉ်(WMA 301 ချေမှုန်းရေး ၁၀၅.မမ တင့်ဖျက်ယာဉ်)နှင့်
တရုတ်နိုင်ငံဖြစ် WZ-91 အမျိုးအစားတင့်ဖျက်ယာဉ်များ၊ MI 35
တိုက်ခိုက်ရေးရဟတ် ယာဉ်များ ကိုလည်း တရုတ်မှ “၀” အဖွဲ့ထံသို့
ထောက်ပံ့ပေးခဲ့ကြောင်း၊ Jane’s Intelligence Review စာစောင်တွင် ဖော်ပြထား
ခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ
ဆောင်ရွက်လာချိန်တွင် တရုတ်က “၀” အဖွဲ့နည်းတူ KIO/KIA အဖွဲ့အား
လက်ကိုင်တုတ်အဖြစ် အသုံးချနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်။ KIO/KIA
အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွှေလီမြို့၌
အလွတ်သဘောငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂)ကြိမ်ပြုလုပ်ခဲ့ရာတွင် KIO/KIA
အဖွဲ့အား တရုတ်မှ သြဇာလွှမ်းမိုးချုပ်ကိုင်မှုများရှိခဲ့သည်ဟု
သတင်းများထွက်ပေါ်ခဲ့သည်။ မြစ်ကြီးနား မြို့တွင် ဧပြီ(၆)ရက်နေ့က KIO/KIA
အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့၏
ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားမှုမှာ တရုတ်ကန့်ကွက်၍
ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။ တရုတ်အနေဖြင့်ကန့်ကွက်မှုမရှိကြောင်း
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှကြေညာချက် ထုတ်ပြန်ခဲ့ သော်လည်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက KIO/KIA အဖွဲ့နှင့် အစိုးရအဖွဲ့တို့
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ
တရုတ်မှကန့်ကွက်၍ဖြစ်ကြောင်း RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။ EU ကလည်း
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းလိုက်ခြင်းက
တရုတ်အတွက်စီးပွားရေးအခွင့်အလမ်းများ ဆုံးရှုံးလာနိုင်သည်ဟု ယူဆထားပုံရသည်။
EU နိုင်ငံများနှင့် အမေရိကန်တို့မှ စီးပွားရေး လုပ်ငန်းများ
ကချင်ပြည်နယ်မှာ ရောက်ရှိလာတော့မှာကို တရုတ်ကမလိုလား သောကြောင့် KIO/KIA
အားလက်ကိုင်တုတ်အဖြစ်အသုံးချရန်ကြိုးစားလာခြင်းဖြစ်ကြောင်း
ကချင်အရေးလေ့လာသုံးသပ်သူ များက ပြောဆိုနေကြသည်။ ဧပြီ ၂၂ ရက်နေ့တွင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အထမမြောက်ခဲ့မှုအပေါ် KIO/KIA အဖွဲ့အား ဒေသခံများက
ဝေဖန်နေချိန်တွင် KIA ခေါင်းဆောင်ပိုင်းအချို့ တရုတ်နိုင်ငံ
သို့သွားရောက်မှုက တရုတ်တို့၏ KIA အပေါ်လွှမ်းမိုးမှု ကိုသံသယဖြစ်စရာ
ဖြစ်လာသည်။
KIA ခေါင်းဆောင်များ တရုတ်တို့သဘောကျနေထိုင်ပါက တရုတ်တို့မှ
“၀”အားလက်နက်များထောက်ပံ့သလို စစ်ရေး အကူ အညီများပေးလာဖွယ်ရှိကြောင်း
ယူဆစရာဖြစ်လာသည်။ ထို့ကြောင့် KIO အဖွဲ့ကိုလည်း “၀” အဖွဲ့ကဲ့သို့ တရုတ်က
လက်ကိုင်တုတ်အဖြစ် အသုံးချခံလာရမည် ဖြစ်သည်။
ကချင်မြေမှ သတင်းထောက်တစ်ဦး
Myanmar Online News
No comments:
Post a Comment