Pages

Thursday, April 25, 2013

WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

ဧပြီ(၂၅)
ရှမ်းပြည်နယ် နမ့်စန်မြို့ နမ့်လစ် ကျေးရွာအုပ်စု MRT သစ်ကွင်းအနီး၌ ဧပြီ၂ဝ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီး မူးယစ် အထူးအဖွဲ့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံရဲစခန်း မယ(ပ) ၁/၁၃ မူး/စိတ် ၁၅/၁၉(က)/၂၁ အမှုမှ ကွင်းဆက် တရားခံ လင်းလင်းအောင် ၃၃ နှစ် (ဘ)ဦးတင်ဝင်း နမ့်လစ် ကျေးရွာအုပ်စု MRT သစ်ကွင်းအနီး နမ့်စန်မြို့ နေသူ၏ နေအိမ် ဈေးဆိုင်အား ဝင်ရောက် ရှာဖွေရာ နေအိမ် ဈေးဆိုင် အိပ်ခန်းအတွင်းရှိ အနွေးထည် အင်္ကျီ အိတ်ကပ် အတွင်းမှ ပလတ်စတစ်ဖြင့် ထုပ်လျက်f WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၅ ပြား မြန်မာငွေကျပ် ၁ဝဝဝဝ၊ နေအိမ်ဈေးဆိုင် ယာဘက်ဘေး ကပ်လျက် မီးစက်ခန်း အတွင်းရှိ အစိမ်း/အဝါပလတ်စတစ် ဆွဲခြင်းအတွင်းRed Ruby စီးကရက်ဘူးခွံ အတွင်းမှ WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂ဝ တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိသူ လင်းလင်းအောင်အား နမ့်စန်ရဲစခန်းမှ မယ(ပ) ၁၆/၁၃ မူး/စိတ်၁၅/ ၁၉(က)/၂ဝ(က)အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment