Pages

Wednesday, April 24, 2013

စွမ်းဆောင်ရည်မြင့် Tartarini ထုတ်လုပ်ဖြန့်ချိမည်

ဧပြီ(၂၄)
ကားတစ်စီးလိုပဲ အမြန်ပြေးမယ့် ပြိုင်ဆိုင်ကယ် အမျိုးအစား ဖြစ် ပါတယ်။ အီတလီ ဆိုင်ကယ် ဒီဇိုင်နာ Alessandro Tartarini ဖန်တီး လိုက်တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ သူကတော့ အီတလီ ဆိုင်ကယ်ကုမ္မဏီ Italjet ပိုင်ရှင်ရဲ့  သားဖြစ်ပြီး သီးသန့် ဆိုင်ကယ် ကုမ္မဏီထောင်ဖို့ ကြိုးစားနေ သူ ဖြစ်ပါတယ်။

ယခု ထုတ်လုပ်မယ့် ဆိုင်ကယ်ကို Brutus လို့အမည်ပေးထားပါတယ်။ အမေရိကန်က ထုတ်လုပ်တဲ့ လျှပ်စစ် ဆိုင်ကယ် Brutus နဲ့ အမည်တူနေပေ မယ့် အမျိုးအစားကတော့ မတူပါဘူး။ အင်ဂျင်ပါဝါ ၇၅၀ စီစီ၊ မြင်းကောင်ရေ ၄၅ အား ထုတ်နိုင်ပြီး ဆလင်ဒါ တစ်လုံးနဲ့ အလုပ်လုပ် မယ့် ဆိုင်ကယ် ဖြစ် ပါတယ်။ ၁၄ လက်မ အလူမီနီယမ်အလွိုင်း ဘီး တပ်ဆင်ပြီး ကိုယ်ထည်ကို လည်း အကြမ်းခံ စတီးအချော တစ်မျိုးနဲ့ ပြု လုပ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ကာဘွန်ဖိုက်ဘာတွေလို မပေါ့ပေ မယ့် ၀ိတ်များများနဲ့ လှပနေတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ နောက်ဘီးမောင်း အမျိုး အစား ဖြစ်ပါတယ်။

၂၀၁၃ နှစ်လယ်အတွင်း စတင်ဖြန့်ချိမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြေညာ ရသေးကြောင်း သိရပါတယ်။
 
TechSpace Journal

--
Ref: autoblog

 Aung Kham (TSJ team)

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > TechSpace Journal <<Thank

No comments:

Post a Comment