Pages

Thursday, May 2, 2013

ရှမ်းပြည်တောင်ပိုင်း မိုးနဲ့မြို့နယ်အတွင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရွက်ဆစ်အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံနေခြင်း



မေ(၂)ရက်

ရှမ်းပြည်တောင်ပိုင်း ၊ မိုးနဲ့မြို့နယ်၊ မိုင်းဟိုင်းကျေးရွာအုပ်စု၊ နားခံကျေးရွာသို့ အေပြီလအတွင်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ရွက်ဆစ်အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာရပ်မိ/ရပ်ဖမျာအား တွေ့ဆုံ၍ ရွာသားများ ထံမှ ဆက်ကြေးငွေ သိန်း ၃၀ ပေးဆောင်ရန် အတင်းအဓမ္မတောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးက “ အေပြီလ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ရွာထဲသို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့မှ ဟိုမူတိခေါင်းဆောင်တဲ့ လူ ၃၀ ခန့် ရောက်ရှိလာခဲ့ပြီး ကျေးရွာ ရပ်မိ/ ရပ်ဖများနဲ့တွေ့ဆုံကာ ဆက်ကြေးငွေ သိန်း ၃၀ အား ပေးဆောင်ရန် ပြောကြားခဲ့ပါတယ်။ ဆက်ကြေးငွေ တွေကို အေပြီလ ၂၄ ရက်နေ့မှာ နားခံရွာသို့ လာရောက်ယူဆောင် မယ်လို့ ပြောပါတယ်၊ ငွေမပေးနိုင်ဘူးဆိုရင် ကျေးရွာမှာရှိတဲ့ ရွာသူ /ရွာသားတွေကို တပ်သားသစ်များ အဖြစ် ခေါ်ဆောင်သွားမယ်လို့ ပြောပါတယ်၊ သူတို့လက်ထဲမှာ သေနတ်ကိုယ်စီကိုင်ထားတော့ ကျွန်တော်တို့ ရွာသားတွေလည်း ဘာပြောရဲမှာလည်း၊ သူတို့ ရဲ့ဥပဒေက သူတို့သေနတ်ပြောင်းဝမှာပဲ ရှိတာဆိုတော့ ကျွန်တော်တို့ ဘာမှမတက်နိုင်ဘူးလေ ” ဟု ကြောက်ရွံ့စွာ ပြောပြပါတယ်။

လွယ်တိုင်းလျှံအခြေစိုက် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ဟာ ဗမာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေးနေသော်လည်း ဆွေးနွေးပွဲတွင် ပါရှိသောစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ၎င်းတို့အဖွဲ့ အင်အားကြီးထွားရေး အတွက် ဒေသခံတိုင်းရင်းသား များအား အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဒေသခံတိုင်းရင်းသားများ စိုက်ပျိုးသော ဘိန်းခင်းများမှ ဘိန်းခွန်ငွေများကောက်ခံခြင်း၊ လူဖမ်း၍ ပြန်ပေးဆွဲငွေတောင်းခြင်း၊ ၎င်းတို့အား ဆက်ကြေးမပေးသော ရွာသူ/ရွာသားများအား သတ်ဖြတ်ခြင်း များလုပ်ဆောင်လျက်ရှိနေခြင်းများကြောင့် ဒေသခံအချို့မှာ မိမိတို့နေထိုင်သော နေရာများတွင် မနေရဲကြတော့ ဘဲ မိသားစုလိုက် မြန်မာပြည်အတွင်းပိုင်းဒေသများနှင့် တစ်ဘက်နိုင်ငံဖြစ်သော ယိုးဒယားနိုင်ငံသို့ ထွက်ပြေး လျက်ရှိကြောင်း သိရှိရပါတယ်။

No comments:

Post a Comment