Pages

Tuesday, June 18, 2013

Air Bagan လေယာဉ် ဟဲဟိုး၌ ပျက်ကျမှု အကြောင်းအရင်း သုံးလအတွင်း ထုတ်ပြန်မည်


ဇွန်လ ၁၈ ရက်

Air Bagan လေကြောင်းလိုင်းမှ Focker F - 100 ဟဲဟိုးလေဆိပ် ၌ လေယာဉ် ပျက်ကျသည့် အကြောင်းအ ရင်းကို သုံးလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာ န မြန် မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က The Voice သို့ ပြော ကြားသည်။

လေယာဉ် ပျက်ကျသည့် အကြောင်းအရင်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဝက်ဘ်ဆိုက် တွင် အင်္ဂလိပ် ဘာသာဖြင့် စာမျက်နှာ တစ်ရာနီးပါး ဖော်ပြမည်ဖြစ်ပြီး လေယာဉ် ပျက်ကျရသည့် အကြောင်း အရင်း ကို ဘက်ပေါင်းစုံက ခြုံငုံ သုံးသပ်ထားချက်များကိုပါ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းလေယာဉ် ပျက်ကျမှုနှင့် ပတ်သက်သည့် အစီရင်ခံစာ မူကြမ်း (Draft Final Report) ပြီးသွားပြီဖြစ်သော် လည်း အစီရင်ခံစာကို Black Box စစ်ဆေးသည့် သြစတြေးလျနိုင်ငံနှင့် လေယာဉ် ထုတ်လုပ်သည့် နယ်သာ လန်နိုင်ငံတို့ထံမှ သဘောတူညီချက် ရယူ၍ နောက်သုံးလ အတွင်း လေယာဉ် ပျက်ကျသည့် အကြောင်းအ ရင်းကို ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"လေယာဉ်ပြေးလမ်းကြောင့်လား၊ စက်ပစ္စည်းကြောင့်လား၊ ဘာကြောင့်ဖြစ် တယ်၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတာတွေ အစီရင်ခံစာမှာ ပါတယ်။ လေယာဉ် ထုတ်တဲ့ နိုင်ငံက ဒီက တွေ့ရှိချက်တွေကို သဘောတူမှ ထုတ်ပြန် ပေးလို့ရမှာ" ဟု ၎င်းက ဆိုသည်။

ပဏာမ တွေ့ရှိချက်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဖေဖော် ဝါရီလက ပြုလုပ်ခဲ့ခြင်းကြောင့် သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်ရန် လိုမည် မဟုတ်ကြောင်း ဦးမျိုးညွန့်က ဆက်လက် ရှင်းပြသည်။

Air Bagan လေယာဉ် ပျက်ကျမှု အစီရင်ခံ စာမူကြမ်း (Draft Final Report) နှင့်ပတ်သက်ပြီး လုပ်ဆောင်ရန် ရှိသည်များ မပြီးသေးကြောင်း၊ ယင်းကိစ္စကို နိုင်ငံတကာကိုလည်း အသိပေးရမည်ဖြစ်ပြီး သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ရန် မသေချာသေးကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေမှူးချုပ် ဦးဝင်းဆွေထွန်းက The Voice သို့ ပြောကြားသည်။

Air Bagan လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် Focker F - 100 အမျိုးအစား လေယာဉ်အမှတ် XY-AGC (ခရီးစဉ် အမှတ် ၀၁၁) သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ မီးလောင်ကျွမ်းခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment