Pages

Tuesday, June 18, 2013

အိန္ဒိယမှ နှလုံးနှင့် မျက်စိအထူးကုဆရာဝန်များ မြန်မာနိုင်ငံသို့ လာရောက်ကုသပေးရန် စီစဉ်


ဇွန်လ ၁၈ ရက်

အိန္ဒိယနိုင်ငံမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် နှလုံးအထူးကု ဆရာဝန်ကြီးများက မြန်မာနိုင်ငံတွင် အခ မဲ့ ပရဟိတ ဆေးကုလုပ်ငန်းများ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း ယင်းအစီအစဉ်ကို ဆွေးနွေးခဲ့ သည့် မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးအသင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကိစ္စအတွက် ယခင်အိန္ဒိယ သံအမတ်ပောာင်းနှင့် တရားဝင်နှစ်ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး အသင်းအနေဖြင့် ယခင် သံအမတ်အဟောင်းနှင့် ဆွေးနွေးထားသော ကိစ္စများဖြစ်သည့် လူမှုရေးပရဟိတ လုပ်ငန်းများအား ဆက်လက်လုပ်ဆောင် ရန် အိန္ဒိယသံအမတ် အသစ် ရောက်ရှိလာပါကလည်း ဆွေးနွေးမည် ဖြစ်သည်ဟု အဆိုပါအသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်မိုးမိုးအိက ပြောသည်။

၎င်းက ''အတိအကျကတော့ ဆက်ပြီး ဆွေးနွေးဖို့ကျန်သေးတယ်။ သူတို့ဘက်က ကိရိယာတွေပါလာမယ်။ ပြီးတော့လာတာ ပြန်တာတွေကတော့ စရိတ်ငြိမ်းပေါ့လေ။ အစ်မတို့က ဒီမှာ ကုသမယ့် လူတွေစုပေးရမယ်။ ကုသမယ့်နေရာစီစဉ်ပေးရမယ်။လာရောက်မယ့်ဆရာဝန်တွေကိုဧည့်ခံပေးရမယ်အဲ့ဒါလေးတွေ ပြောဆိုထား တာပါ'' ဟု ပြောဆို ခဲ့သည်။

ဆေးကုသရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့တွင် ပြုလုပ်ရန် လျာထားပြီးဖြစ် သည်ဟုလည်း အဆိုပါအသင်း အတွင်းရေးမှူး ဦးရဲထက်က ပြောသည်။

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းကိုအဖွဲ့ဝင်ပေါင်း၇ဝ ကျော်ဖြင့်ဖွဲ့စည်းထားပြီးအသင်းဖွဲ့စည်းထားသည် မှာ တစ်နှစ် ကျော်ပြီဖြစ်သည်။

Mizzima

No comments:

Post a Comment