ဇွန်လ ၂၈ ရက်
မူးယစ်ဆေးဝါးနှင့်ပတ်သက် ဆက်နွယ်သော ဘေးထွက်ဆိုး ကျိုးများအကြောင်း ပညာပေး
ဟောပြောပွဲများကို ကလေးမြို့ တွင်ဇွန်လ(၂၀)ရက်မှ စတင်၍ ကလေးမြို့အမှတ်(၁)
အခြေခံ ပညာ အထက်တန်းကျောင်း၊
ကလေးတက္ကသိုလ်၊ မြို့တော် ခန်းမ၊တာဟန်း မက်ဒရစ်ဘုရား ကျောင်း၊ရွှေဘုံ သာစေတီ
ဓမ်္မာရုံ၊ကလေးမြို့နယ် ထွေအုပ်ရုံးခန်းမ စသည်တို့၌ ဇွန်(၂၆)ရက်နေ့အထိ
မနားတမ်း အဆက်မပြတ်ဟောပြောလျက်ရှိ နေပြီး ဇွန်လ(၂၆)ရက်တွင် ကျရောက်သော
မြန်မာနိုင်ငံမူး ယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိ
မြို့တော်ခန်းမတွင်ပင်ဟောပြော လျှက်ရှိပြီး ပညာပေးဟောပြော
အစီအစဉ်မည်သည့်အချိန် အဆုံးသတ်မည်ကို မသိသေး ကြောင်း
ရဲတပ်ဖွဲ့ဝင်တစ်ဦးပြော ပြချက်အရ သိရသည်။
မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍လည်းဒေသခံတစ်ဦး က““ကျွန်တော်တို့မြို့ဟာ
ဘယ်လို ကနေ ဘယ်လိုမူးယစ်ဆေးဝါး တွေပေါလာတာလဲမသိပါဘူးဗျာ။
တစ်ချို့ဆိုပြောနေကြတယ်။ ကလေးမြို့လည်းမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး
အမည်းရောင်နယ် မြေတောင်ဖြစ်နေပြီ စသဖြင့် ပေါ့။ဒါပေမဲ့ အခုမူးယစ်ဆေးဝါး
ကိစ္စကိုဗဟိုကဆင်းပြီး ကာကွယ် လုပ်ဆောင်လာပြီဆိုတော့
ကျေနပ်ဝမ်းသာမိပါတယ်။အခုဆို ဟိုနားမိလိုက် ဒီနားမိလိုက်နဲ့
မူးယစ်ဆေးဝါးတွေမိနေပြီ။ဗဟိုက ဒုရဲမှူးကြီးကိုယ်တိုင် အားတက်သရော
လုပ်ကိုင်နေ တာ ထင်ပါတယ်။ ခပ် မြန်မြန်လေးပျောကသွားမှာပါ။ ကလေးမြို့မှာ
မူးယစ်ဆေးဝါးနှိမ် နင်းဖို့အတွက် အကြီးစားရောင်း ချသူတွေကို
ဖမ်းနိုင်ပြီဆိုရင်တော့ ပိုလို့မြန်လာမှာပါ””လို့မူးယစ်ဆေး
ဝါးနှင့်ပတ်သက်၍ရင်ဖွင့်ပြော ကြားခဲ့သည်။
၎င်းမူးယစ်ဆေးဝါးနှင့်
ဘေးထွက်ဆိုးကျိုးများဆိုင်ရာ ပညာပေးဟောပြောပွဲအား
ဒုတိယရဲမှူးကြီးသိန်းဝင်းနှင့်အတူ ကလေးမြို့ရှိဆေးရုံအုပ်ကြီး
ဒေါက်တာညွန့်သန်း၊စည်ပင်ဌာန၊ စသည်ဖြင့် ဌာနဆိုင်ရာအားလုံး အလှည့်ကျဆိုသလို
ဟောပြော နေကြကြောင်းကိုပါ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ဆက်လက်ပြောကြား
ချက်အရသိရသည်။
မူးယစ်ဆေးဝါးနှင့်ဘေးထွက် ဆိုးကျိုးအန္တရာယ်ပညာပေး
ဟောပြောပွဲများကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ကာကွယ်တား ဆီးရေး ဗဟိုမှ
ဦးဆောင်၍ ခရိုင်မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေအဖွဲ့နှင့် ပူးပေါင်းကာ
ဗဟိုဒုတိယဥက္ကဋ္ဌ ဒုတိယရဲ မှူးကြီး သိန်းဝင်း ကိုယ် တိုင်
ဇွန်လ(၂၀)ရက်နေ့မှစတင် ကာ တစ်ရက်လျှင်(၂)ပွဲထိ ဟော ပြောပညာပေးနေသည်။
HotNews

No comments:
Post a Comment