ဇွန်လ ၂၀ ရက်
တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို တောင်ကြီး ၊ ဇွန် ၁၉ တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူ အား လူမှုဝန်ထမ်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက် စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင်၏ ကျောပြင်နှင့် ခြေထောက်တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ ကို ကျောင်းကျန်းမာရေးမှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်းတာဝန်ရှိသူများက တိုင်ကြား ခဲ့ကြောင်း၊ ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးတင်အောင်ရီက ပြောသည်။
“အုပ်ထိန်းသူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေ
အ ရကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင်
ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်းနှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့
ကျွန်တော်တို့ လူမှုဝန်ထမ်းက တရားလိုပြုပြီးတော့ အမှုဖွင့်လိုက်တယ်” ဟု
၎င်း ကပြောသည်။ ယင်းနှင့်ပတ်သက်၍ တောင်ကြီးရဲစခန်းသို့ ပေါ်ပြူလာနယူးစ်မှ
ဆက်သွယ်မေးမြန်းခဲ့ရာ တာ ၀န်မှူးက “ဒီအမှုက ကလေးသူငယ်ဥပဒေအရ
ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်း ကနေပြီး တရားစွဲဆို
အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။
ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း ၄င်းက ဆက်ပြောသည်။ မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူ မှာ ညောင်ရွှေတွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။
စိုင်းနောင်
Popular Myanmar News Journal
ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း ၄င်းက ဆက်ပြောသည်။ မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူ မှာ ညောင်ရွှေတွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။
စိုင်းနောင်
Popular Myanmar News Journal

No comments:
Post a Comment