ဇွန်လ ၂၂ ရက်
ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ဖြစ်သည်။ မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၇ နာရီက တာချီလိတ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းရှေ့ ဗိုလ်ချုပ်လမ်းမဘေးတွင်ပြုလုပ်သည်။
အခမ်းအနားတွင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ဌာနဆိုင်ရာများမှ အမျိုးသမီးဝန်ထမ်းများ တက်ရောက် ကြသည်။ အစီအစဉ်အရ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းက ဆိုင်းဘုတ်အား ကြိုးဆွဲ၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်သူ့ဆေးရုံဝင်းတွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အတူ စုပေါင်းပြီးသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြီးကြပ်အားပေးကြကြောင်း သိရှိရသည်။
Tachileik Online News

No comments:
Post a Comment