Pages

Thursday, June 27, 2013

မိုင်းရှူးရတနာမြေတွင် ကျောက်တွင်းပြိုကျပြီး လုပ်သားတစ်ဦးသေဆုံး


ဇွန်လ ၂၇ ရက်
 

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ရှိ မိုင်းရှူးရတနာမြေ လွိုင်ဆောင်ထောက်ရပ်ကွက်ရှိ ဆာဆာကာဝါကုမ္ပဏီ လုပ်ကွက်တွင် ဇွန်လ ၂၅ ရက် ညနေပိုင်းအချိန်ခန့်က ကျောက်တွင်းပြိုကျမှုကြောင့် ကျင်းလုပ်သား အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ ကုမ္ပဏီမှာ ဆာဆာကာဝါကုမ္ပဏီဖြစ်ပြီး ပြိုကျသည့်ကျင်းမှာ ကျင်းအနက် ပေ ၁၂၀ ခန့် ရှိကြောင်းနှင့် သေဆုံးသွားသည့် ကျင်းလုပ်သားမှာ ဦးမျိုးနိုင် (၀မ်ကန်ရပ်ကွက်နေသူ) ဖြစ်ကြောင်း သိရသည်။ 
`` ကျင်းပြိုကျတဲ့နေ့ ညနေပိုင်းလောက်မှာ ဦးမျိုးနိုင် ကျောက်ကျင်းထဲကနေ ဗြုန်းမြေသားတွေကို ထုတ်သယ် နေတာ တွေ့ရတယ်.. နောက် နာရီဝက်ခန့်ကြာတဲ့အခါမှာ သူ မြေသယ်နေတဲ့ကျင်းကနေ မြေပြိုကျတဲ့အသံ ကြားရတယ်.. အဲဒါ ကျွန်တော်တို့လဲ သိသိချင်းပဲ ကျန်တဲ့အလုပ်သမား ၅ ယောက်နဲ့ အမြန်ဆုံးပြန်တူးဖော်ခဲ့ ကြတာပဲ.. ဒါပေမယ့် ဦးမျိုးနိုင်မှာ ၀ဲဘက်နားထင် ဖူးယောင်သွေးထွက်ဒဏ်ရာတွေနဲ့ အသက်ရှူကြပ်ပြီး သေဆုံး နေတာကိုပဲ တွေ့ခဲ့ရတယ် ´´ ဟု လုပ်ကွက်တာဝန်ခံ ဦးဌေးမြင့်မှ ပြောပြသည်။

၎င်းလူသေမှုနှင့် ပတ်သက်ပြီး လွိုင်ဆောင်ထောက် ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး အခြေအနေများကို စုံစမ်း စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

စိုင်းသုတ

No comments:

Post a Comment