Pages

Thursday, June 27, 2013

အင်တောမြို့နယ်ခွဲအတွင်းရှိ ခဲဟီးကျေးရွာမှ WY စာတမ်းပါ ဆေးပြား သိန်းနှစ်ရာကျော်ဖိုး ဖမ်းဆီးရမိ


ဇွန်လ ၂၇ ရက်
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲရှိ ခဲဟီးကျေးရွာမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုကြောင့် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းအချိန်တွင် WY စာတမ်းပါ အစိမ်းရောင်နှင့် လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် အင်တောမြို့နယ်ခွဲ ကျောက်ဂူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ခဲဟီးကျေးရွာနေ ဦးအောင်မြနှင့် ဇနီးဒေါ်ရွှေခေါင်း တို့နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာမှ အိမ်သာအတွင်း အ၀ါရောင်စားအုံးဆီပုံးဖြင့် ထည့်ထားသော ပလပ်စတစ်အိတ်နှင့်ထုပ်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော်၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ခန့်နှင့် ဘိန်းစိမ်း ၁၃၀၀ ဂရမ်ခန့်၊ စုစုပေါင်း ကာလတန်ဖိုး သိန်း ၂၀၀ ကျော်ဖိုးခန့် သိမ်းဆည်းရမိခဲ့ပါသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ဇနီးမောင်နှံတို့အား ကျောက်ဂူရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း ခဲဟီးကျေးရွာရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

စိုင်းလုံ

No comments:

Post a Comment