Pages

Monday, June 17, 2013

မိုင်းပျင်းမြို့နယ်တွင် ကျွဲ၊နွားရောင်းဝယ်မှုများထံမှ ရှမ်းပြည်တပ်မတော်တောင်ပိုင်း(ယွက်စစ်)အဖွဲ့က အခွန်ငွေ များ တောင်းခံ

ဇွန်လ(၁၇)ရက်
ဓာတ်ပုံ အင်တာနက်

မိုင်းပျင်းမြို့နယ်၊ မိုင်ပုကြီးအုပ်စုအတွင်းရှိ ကျွဲ/နွားရောင်းဝယ်သူများအား ရှမ်းပြည်တပ်မတော်တောင်ပိုင်း (ယွက်ဆစ်) အဖွဲ့တစ်ဖွဲ့က ဇွန် (၁၅) ရက်နေ့မှစ၍ အခွန်ငွေများ လာရောက်ပေးသွင်းရန် အကြောင်းကြားထား ကြောင်း သိရှိရသည်။

ကျွဲ၊နွားရောင်းဝယ်သူများအနေဖြင့် ဇွန် (၁၆) ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (ယွက်ဆစ်) အဖွဲ့အား ကျွဲ၊နွားတစ်ကောင်လျှင် (၅၀၀၀၀)ကျပ်ကို ကျင်းဟယ်ရွာသူကြီး ဦးလုံးဝိယမှ တစ်ဆင့်အခွန်ငွေ ပေးဆောင်ရ ကြောင်း၊ ၎င်းအပြင် မိုင်းပုကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းထံသို့ အုပ်စုရန်ပုံငွေအဖြစ် ကျွဲ၊နွား တစ်ကောင်လျင် (၁၀၀၀၀) ကျပ်ထည့်ဝင်ရကြောင်း မိုင်းပုကြီးရွာသားတစ်ဦး၏ ပြောပြချက်အရသိရ သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း) အဖွဲ့သည် နိုင်ငံတော် အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဇွန် ၁၀ ရက်နေ့တွင် RCSS/SSA ဥက္ကဋ္ဌ ဒု- ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် နေပြည်တော်၌ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

ထိုပြင် ရန်ကုန်မြို့၌ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ သော်လည်း ယနေ့အချိန်ထိ လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ အနိုင်ကျင့်လုပ်ရပ်များကို ထိန်းသိမ်းပြုပြင်ပေးရန် လိုအပ်နေသေးကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းလုံ

No comments:

Post a Comment