Pages

Monday, June 17, 2013

တာချီလိတ်မြို့နယ်တွင် နေအိမ်တစ်လုံးအား UWSA “၀ ”အဖွဲ့တစ်ဖွဲ့က မြေထိုးစက်ဖြင့် ဖျက်ဆီးမှုဖြစ်ပွား


ဇွန်လ ၁၇ ရက်

ဓာတ်ပုံ အင်တာနက် 

တာချီလိတ်မြို့ ဟောင်လိတ်အုပ်စု၊ စက်မှုဇုန် ၊ ဟုတ်ပန်း အစာချက်စက်ရုံအနီးရှိ ဦးစိုင်းဝင်းကျောက်၏ နေအိမ်အား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် UWSA “၀”အဖွဲ့ ဟုတ်ပန်းကုမ္ပဏီမှ ၀န်ထမ်း (၁၆) ဦးသည် မြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုင်းဝင်းကျော်က “ ကျွန်တော်က သဲစုပ်လုပ်ငန်းလုပ်နေတာ ကြာပါပြီ၊ အဲဒီနေ့ နေ့လယ် (၂)နာရီလောက်မှာ UWSA “၀” အဖွဲ့က၀န်ထမ်း (၁၆) ဦးဟာ မတ်တူးခဲရောင်တစ်စီး၊ ဗွီဂိုအနက်ရောင်တစ်စီး၊ မြေထိုးစက်တစ်စီး ပေါင်း (၃) စီးနဲ့ ကျွန်တော်တို့ အိမ်ရှေ့ကိုရောက်လာပါတယ်။ ကျွန်တော်ကို အိမ်ဖယ်ပေးရမယ်လို့ “၀” အဖွဲ့က ခေါင်းဆောင်တစ်ယောက်က ပြောတဲ့အတွက် ကျွန်တော်ဝယ်ထားတာဖြစ်လို့ ဖယ်မပေးနိုင်ဘူးလို့ပြောတော့ “၀”အဖွဲ့က အင်အားသုံးပြီး ကျွန်တော့် အိမ်ကို မြေထိုးစက်နဲ့ ဖြိုချဖျက်ဆီးသွားပါတယ် ” ဟု ပြောပြခဲ့သည်။

UWSA “၀”အဖွဲ့က မြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့သော ဦးစိုင်းဝင်းကျောက်၏ နေအိမ်မှာ ပေ (၃၀x၂၀) နံကပ် တစ်ထပ်တိုက် သွပ်မိုးဖြစ်ပြီး နေအိမ်အတွင်းမှ ပစ္စည်းများအား ဖျက်ဆီးလွှင့်ပစ်ခဲ့ကြောင်း ယခုလုပ်ရပ်နှင့် ပတ်သက်၍ “၀”တိုင်းရင်းသားများအပေါ် ဒေသခံ ရှမ်းတိုင်းရင်းသားများက မကျေမနပ် ဖြစ်နေကြပြီး ပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

စိုင်းစံထွန်း 

No comments:

Post a Comment