Pages

Saturday, June 15, 2013

MPC အဖွဲ့နှင့် RCSS အဖွဲ့ ငြိမ်းချမ်းရေးစင်တာ၌ အလွတ်သဘောတွေ့ဆုံ


ဇွန်လ ၁၅ ရက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ (RCSS/SSA)မှ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နေ့လည် ၁နာရီခန့်မှ စတင်၍ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူအချို့နှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရရှိသည်။

“အခုတွေ့ပြီး ဆွေးနွေးဖြစ်မှာက မတရားအသင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ လုပ်မှာဖြစ်ပါတယ်။ နောက်ပြီး အပစ်အခတ်ရပ်စဲဖို့ကိစ္စနဲ့ စစ်တပ်ကိုလည်း ပြည်ထောင်စုစစ်တပ်အဖြစ် ထားရှိဖို့ ကိစ္စတွေကို အလွတ်သဘောတွေ့ဆုံပြီး ဆွေးနွေးကြ မှာဖြစ်ပါတယ်”ဟု နှစ်ဖက်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် RCSS/SSA ၏ ဆက်ဆံရေးရုံးများ ဆက်လက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်း ဆွေးနွေးသွားရန်ရှိကြောင်း၊ လက်ရှိအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေရခြင်းမှာ အစိုးရစစ်တပ်ဘက်မှ စတင် တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးရှိရန် အဓိကအချက်မှာ တပ်မတော်၏ သဘောထားကြီးမှုနှင့် သက်ဆိုင်နေ ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားချက်များအရ သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စပ်လျဉ်း၍လည်း RCSS/SSA မှ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများ၌ ပဋိပက္ခများအတွက် လေ့လာစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းရန်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ခွင့်ပြုမိန့်တောင်းခံခဲ့ရာ ခွင့်ပြုမိန့်ပေးခဲ့ကြောင်း သိရပြီး ယခုလက်ရှိ RCSS/SSA နှင့် အစိုးရအဖွဲ့တို့၏ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေသည် လက်တကမ်းတွင်သာလိုတော့ကြောင်း ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်၏ သုံးသပ် ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment