Pages

Sunday, June 23, 2013

တောင်ကြီးမြို့နယ်၌ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ဇွန်လ  ၂၂ရက်
ရှမ်းပြည်နယ် တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက်ရှိ ချယ်ရီကွင်း ဟိုတယ်ခန်းမ၌ Participatory Approaches For Local Economic Development အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လူထုအခြေပြု အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက် ကြသည်။

အခမ်းအနားတွင်   တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မူမူမြင့်က အဖွင့်အမှာ စကားပြော ကြားပြီး   Gesellschaft Internationale Zusammenarbeit (GIZ) Head of progra mme Mrs. Irina Scheffmann  က Gesellschaft Internationale Zusammen arbeit (GIZ) ၏ မြန်မာနိုင်ငံ အတွင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှု အစီအစဉ် အကြောင်းကို   ရှင်းလင်း ပြောကြား သည်။ ထို့နောက် Prof. Dr. Wilhelm, German expert က public private partnerships (ppp) နှင့် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် (ppp)၏ အခန်းကဏ္ဍ အကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူများ အားလုံးက သိရှိ လိုသည်များ  မေးမြန်း ဆွေးနွေးကာ အခမ်းအနားကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment