Pages

Sunday, June 23, 2013

နာနတ်သီး အပြည့် တင်ဆောင်လာသော ခြောက်ဘီးယာဉ် ရှေ့ဘီး ပြုတ်ထွက်၍ လမ်းဘေး ထိုးကျ တိမ်းမှောက်

ဇွန်လ  ၂၂ ရက်
ရှမ်းပြည်နယ် တောင်ကြီး-ကလောသွား ပြည်ထောင်စု လမ်းမကြီး၌ ယမန်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်က လွိုင်လင်မြို့နယ် ဘက်မှ အောင်ပန်းဘက်သို့ ယာဉ်မောင်း  ဦးမျိုးတင့် မောင်းနှင် လာသော နာနတ်သီး အပြည့် တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ်သည် တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် တောင်ကြီးအဆင်း လမ်းမကြီး သဲကျင်းဂူ ပရိယတ္တိ စာသင်တိုက် အနီး အရောက်တွင် ရှေ့ ဘီး ပြုတ် ထွက်၍ လမ်းညာ ဘက်ဘေးသို့ ထိုးကျတိမ်းမှောက် သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်မောင်း ဦးမျိုးတင့်တွင် ညာဘက် ခြေထောက် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ အရန်မီးသတ် တပ်ဖွဲ့ဝင်များက စဝ်စံထွန်း ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး ၄င်းယာဉ်အား တောင်ကြီးမြို့ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးမျိုးတင့်အား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် တာဝန်ရှိ သူတို့က အမှုဖွင့်  အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment