ဇူလိုင်လ ၁၇ ရက်

မြန်မာဘုရင်အလောင်းဘုရားကတတိယမြောက် ဂျော့ဂ်ျဘုရင်အား ပေးပို့ခဲ့သော ရွှေပေလွှာကို ဂျာမနီနိုင်ငံရှိ ဟန်နိုဘာ ပြတိုက်တွင် သိမ်းထားရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး H.E. Cornelia Pieper က ပြောကြားခဲ့သည်။
"မြန်မာရှင်ဘုရင် အလောင်းဘုရားကနေပြီး ဂျော့ဂ်ျဘုရင်ကို ပေးထားတဲ့ ရွှေပေလွှာကို ပြန်လည်လွှဲပြောင်းပေးဖို့အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ စကားပြောထားတာ ရှိပါတယ်။ ဂျာမနီနိုင်ငံဘက်က စီစဉ်ပေးထားတာတွေ ရှိပါတယ်။ ပြန်လွှဲပေးဖို့လည်း အတည်ပြုပြီးသားပါ။ သူတို့ပြတိုက်ထဲမှာ သိမ်းထားတဲ့ ပစ္စည်းဆိုတော့ နှစ်နိုင်ငံ သံတမန်နည်းအရ လုပ်ဆောင်ရမယ့် အဆင့်လေးတွေတော့ ရှိပါသေးတယ်" ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Minister of State Department တို့ တွေ့ဆုံစဉ် အဆိုပါ ရွှေပေလွှာကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် လိုအပ်သော အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
EMG
No comments:
Post a Comment