Pages

Wednesday, July 17, 2013

iphone လူသတ်ခြင်းနှင့် နောက်ဆက်တွဲဂယက်များ

ဇူလိုင်လ ၁၇ ရက်
 
iphone လူသတ်ခြင်းနှင့် နောက်ဆက်တွဲဂယက်များ 
Wednesday, 17 July 2013

iphone ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသော
တရုတ်မလေး သတင်းကို တင်ပေးလိုက်ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ်လူမှုကွန်ယက်
များကလည်း Apple ကုမ္ပဏီ အပေါ်အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်
နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်
တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်ပြီး သတင်းများ
အရ မကြာမီလက်ထပ်မည့်သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

မင်္ဂလာကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြား
ခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက်တွင်လည်း ဓာတ်လိုက်
မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရ
သည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။


MMT

iphone ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေးလိုက်ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ်လူမှုကွန်ယက်များကလည်းApple ကုမ္ပဏီ အပေါ်အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlinesတွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်ပြီး သတင်းများအရ မကြာမီလက်ထပ်မည့်သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

မင်္ဂလာကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက်တွင်လည်း ဓာတ်လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။


MWD

No comments:

Post a Comment