
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး တံတားပေါ်ရှိ တံတားတစ်စင်း ပြင်ဆင်မှု ပြုလုပ်နေစဉ်
''အိန္ဒိယနိုင်ငံက ဖောက်လုပ်ပေးတဲ့ လမ်းက တမူးမြို့ကနေ ကလေးမြို့အထိ တော့လမ်းတွေက ကောင်းပါတယ်။ အဓိက မကောင်းတာက တံတားတွေပါ။ ကလေးမြို့နဲ့ ကလေးဝလမ်းမှာတော့ လမ်းပိုင်းအချို့ သိပ်မကောင်းသေးဘူး။ အရင်ကထက် တိုးတက်လာတယ် ဆိုပေမယ့် နိုင်ငံတကာ အာရှပတ်လမ်း အစိတ်အပိုင်းဝင်၊ အာဆီယံပတ်လမ်း အစိတ်အပိုင်းဝင်ဆိုပြီး နိုင်ငံတကာအဆင့်နဲ့ တိုင်းတာမယ် ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ကလည်း တိုင်းပြည်ရဲ့ ကုန်းတွင်းပိတ် အရှေ့မြောက်ဒေသရဲ့ ထွက်ပေါက်က မြန်မာနိုင်ငံပါ။ မြန်မာနိုင်ငံရဲ့လမ်းတွေ ကောင်းမွန်မှ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက် ဒေသဟာ နိုင်ငံတကာနဲ့ ဆက်သွယ်ရတာ အဆင်ပြေမယ်။ ဒါကြောင့် အရှေ့မျှော်ဝါဒဆိုပြီး လုပ်နေတာပါ'' ဟု အိန္ဒိယ-မြန်မာ နယ်စပ်အရေးကို လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးဟု လူသိများသော တမူး-ကလေး-ကလေးဝ လမ်းပေါ်တွင် တည်ရှိသော တံတား ၇၁ စင်းကို ကွန်ကရစ် တံတားများအဖြစ် အိန္ဒိယနိုင်ငံ BRTF အဖွဲ့မှ ပြုပြင်မှု လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအား၂၀၁၆-ခုနှစ်မတိုင်မီ အဝေးပြေးလမ်းမကြီး အဆင့်သို့ တိုးမြှင့်ဆောင်ရွက် သွားမည်ဟု အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်အရ သိရသည်။
Eleven
No comments:
Post a Comment