24.7.2013
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်ရှိ နေအိမ်မှ ဇူလိုင်လ(၂၃)ရက်နေ့ မနက်ပိုင်းတွင် မူဆယ်မြို့ မူးယစ်မူးယစ်အဖွဲ့များမှ ဘိန်းဖြူဆပ်ပြာခွက်များနှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ(၂၃)ရက်နေ့ မနက်ပိုင်းတွင် မူဆယ်မူးယစ်အထူးအဖွဲ့နှင့် နမ့်ခမ်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်ရှိ ကျော်အေးနေအိမ်အား သတင်း အရ၀င်ရောက်ရှာဖွေရာ နေအိမ်အနောက်ဘက်ဝါးလုံးများစုပုံထားသည့်ကြားမှ ဆပ်ပြာခွက်များဖြင့် ထည့်ထား သော ဘိန်းဖြူ(၆၀)ဂရမ်ခန့် ကာလတန်ဖိုး (၄)သိန်းကျော်နှင့် အဖြူရောင်ကော်ဗူးဖြင့်ထည့်ထားသော WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ခန့် ကာလတန်ဖိုး (၄)သိန်းကျော်၊ စုစုပေါင်း ကာလတန်ဖိုး(၈)သိန်း ကျော်ဖိုးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ ကျော်အေးအား နမ့်ခမ်းရဲစခန်းမှ မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
စိုင်းလူလူ

No comments:
Post a Comment