Pages

Wednesday, August 14, 2013

သိတတ်လိုက်ပုံက



သြဂုတ်လ(၁၄)ရက်
Photo: သိတတ်လိုက်ပုံက

14.8.2013

ကျွန်တော့်အလုပ်ရှိရာ လမ်းမတော်အောက်လမ်းမှာ နေ့စဉ် သွားရင်းလာရင်း ဆိုင်တစ်ဆိုင်ရှေ့က ခွေးတစ်ကောင်ကို အမြဲသတိထားနေမိပါတယ်။

ခွေးကတော့ လမ်းဘေးခွေးတစ်ကောင်ပါ။
ဒါပေမယ့် အဲဒီဆိုင်က အမြဲတမ်း အစာအ၀ကျွေးထားလို့ ၀ဖီးနေပါတယ်။
ဒါ့အပြင် မိုးအေးအေးမှာ ခွေးချမ်းနေမှာစိုးရှာတယ်ထင်ရဲ့။
ဆိုင်ရှင်က ခွေးအိပ်ဖို့ ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ ဂုံနီအိတ်တစ်ထပ်၊ ပီနန်အိတ်တစ်ထပ် အမြဲခင်းထားပေးပါတယ်။

ခွေးကလည်း နေ့တိုင်း အဲဒီအခင်းပေါ်မှာ ဇိမ်ကျကျအိပ်ပါတယ်။
အဲဒီခွေးခုလို နွေးနွေးထွေးထွေးအိပ်နေရှာတဲ့ပုံလေးဟာ မြင်တဲ့သူတိုင်းကို စိတ်ချမ်းသာစေသလိုပါပဲ။

ဒီမနက်တော့ ခါတိုင်းထက်မိုးပိုရွာလို့ မိုးစက်တွေပက်မှာ စိုးလို့ထင်တယ်။
ဆိုင်ရှင်က ခွေးအိပ်နေတဲ့အပေါ်မှာ ထီးလေးတောင် မိုးထားပေးလိုက်ပါသေးတယ်။

ဘာမှ ကြီးကျယ်တဲ့ကိစ္စမဟုတ်ပေမယ့် လူသားနဲ့ တိရစ္ဆာန်များကြားက အကြင်နာ၊ မေတ္တာတရားကို မြင်ရတာ စိတ်ကြည်နူးချမ်းမြေ့မိလို့ပါ။

ပုဂံအွန်လိုင်းမီဒီယာ

ကျွန်တော့်အလုပ်ရှိရာလမ်းမတော်အောက်လမ်းမှာ နေ့စဉ်သွားရင်းလာရင်းဆိုင်တစ်ဆိုင်ရှေ့က ခွေးတစ်ကောင်ကို အမြဲသတိထားနေမိပါတယ်။

ခွေးကတော့ လမ်းဘေးခွေးတစ်ကောင်ပါ။ဒါပေမယ့် အဲဒီဆိုင်က အမြဲတမ်း အစာအ၀ကျွေးထားလို့ ၀ဖီးနေပါတယ်။
ဒါ့အပြင် မိုးအေးအေးမှာ ခွေးချမ်းနေမှာစိုးရှာတယ်ထင်ရဲ့။ဆိုင်ရှင်က ခွေးအိပ်ဖို့ ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ ဂုံနီအိတ်တစ်ထပ်၊ ပီနန်အိတ်တစ်ထပ် အမြဲခင်းထားပေးပါတယ်။

ခွေးကလည်း နေ့တိုင်းအဲဒီအခင်းပေါ်မှာဇိမ်ကျကျအိပ်ပါတယ်။အဲဒီခွေးခုလို နွေးနွေးထွေးထွေးအိပ်နေရှာတဲ့
ပုံလေးဟာ မြင်တဲ့သူတိုင်းကို စိတ်ချမ်းသာစေသလိုပါပဲ။

ဒီမနက်တော့ ခါတိုင်းထက်မိုးပိုရွာလို့ မိုးစက်တွေပက်မှာ စိုးလို့ထင်တယ်။ဆိုင်ရှင်က ခွေးအိပ်နေတဲ့အပေါ်မှာ ထီးလေးတောင် မိုးထားပေးလိုက်ပါသေးတယ်။

ဘာမှ ကြီးကျယ်တဲ့ကိစ္စမဟုတ်ပေမယ့် လူသားနဲ့ တိရစ္ဆာန်များကြားက အကြင်နာ၊ မေတ္တာတရားကို မြင်ရတာ စိတ်ကြည်နူးချမ်းမြေ့မိလို့ပါ။

ပုဂံအွန်လိုင်းမီဒီယာ

No comments:

Post a Comment