Pages

Wednesday, August 14, 2013

တမူးသို့ ဟောပြောပွဲသွားသော နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ ညအိပ်ခွင့်မရ

သြဂုတ်လ(၁၄)ရက်
Photo: တမူးသို့ ဟောပြောပွဲသွားသော နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ ညအိပ်ခွင့်မရ

14.8.2013

တမူး နိဗ္ဗာန်လမ်း နာရေးကူညီမှုအဖွဲ့၏ ဖိတ်ကြားချက်အရ ချင်းပြည်နယ် တမူးမြို့သို့ သွားရောက်ခဲ့သော နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ယင်းမြို့တွင် ညအိပ်တည်းခိုခွင့် မရဘဲ ပြန်လာရသည်ဟု တမူးမြို့ နိဗ္ဗာန်လမ်း နာရေးကူညီမှုအဖွဲ့မှ ပြောကြားချက်အရ သိရသည်။

ဦးကျော်သူနှင့်အဖွဲ့သည် တမူးမြို့တွင် နာရေးကူညီမှုဆိုင်ရာ ဟောပြောပွဲအတွက် သွားရောက်ရာဟော ပြောပွဲအပြီး တွင် ညအိပ် တည်းခိုခွင့် မရရှိဘဲ ပြန်သွားရကြောင်း တမူးနိဗ္ဗာန်လမ်းအဖွဲ့မှ အဖွဲ့ဝင်ဦးမိုးဇော်က မဇ္ဈိမကို ပြောသည်။

၎င်းက“တမူးမြို့မကျောင်းမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ဟောပြောပွဲလုပ်တယ်။ ဟောပြောပွဲလုပ်အပြီးမှာ တမူးမြို့ ရွှေဥက္ကာ ဟိုတယ်က တာဝန်ရှိသူတွေက သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ကွပ်ကဲမှုအဖွဲ့ (မကဖ) သတိပေးချက်ကြောင့် တည်းခိုခွင့် မပြုခဲ့ဘူး။ ဒါကြောင့် ညတွင်းချင်း ပြန်သွားရ တယ်”ဟု ပြောသည်။

ယင်းသို့ တည်းခိုခွင့်မပြုခြင်းမှာ ဦးကျော်သူအပါအ၀င် နာရေးကူညီမှု အသင်းအဖွဲ့သား ကိုးဦးကို မှတ်ပုံတင်စစ်ဆေး ရာတွင် အတူပါလာသော အမျိုးသမီးနှစ်ဦးတွင် မှတ်ပုံတင်မပါခြင်းကြောင့် တမူးမြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ကွပ်ကဲမှု အဖွဲ့မှ ညအိပ်တည်းခိုခွင့် မပေးခဲ့ကြောင်း တမူးဒေသခံတစ်ဦးက ဆိုသည်။

တမူးဒေသခံက “ကျွန်တော်တို့ဒေသတွေက နယ်စပ်မြို့လည်းဖြစ်တဲ့အတွက် (မကဖ)အဖွဲ့ရှိတယ်။ မှတ်ပုံတင်မပါတာတို့၊ သန်းခေါင်စာရင်းမတိုင်တာတို့ကို ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ကြီးကြပ်မှုတွေ အရမ်းမြှင့်ထားတယ်။ ဒါကြောင့် စစ်ဆေးမှုအပိုင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုပ်တာမှန်ကန်တယ်” ဟု ဆိုသည်။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူသည် မေလအတွင်းကလည်း ရန်ကုန်မြို့တွင် အမှိုက်ကောက်ရန် အစီအစဉ်ရှိခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်မှ တားဆီးခြင်းကို ခံခဲ့ရဖူးသည်။

Mizzima News

No comments:

Post a Comment