Pages

Friday, August 16, 2013

ကက်ရှ်မီးယား နယ်စပ်ဒေသ ပြဿနာကြောင့် အိန္ဒိယ နှင့် ပါကစ္စတန် ဆက်ဆံရေးတင်းမာနေ

သြဂုတ်လ(၁၆)ရက်
Photo: ကက်ရှ်မီးယား နယ်စပ်ဒေသ ပြဿနာကြောင့် 
အိန္ဒိယ နှင့်   ပါကစ္စတန်     ဆက်ဆံရေးတင်းမာနေ
===============================                          
 နှစ်နိုင်ငံအကြား နယ်နိမိတ် အ ငြင်းပွားလျက်ရှိသည့် ကက်ရှ်မီးယား ဒေသ နယ်နိမိတ်အား ချိုးဖောက်သည်ဟု ပါကစ္စတန် ဘက်က အိန္ဒိယနိုင်ငံအား စွပ်စွဲပြောဆိုခဲ့ကြောင်း သိရသည်။ 

 ပါကစ္စတန်နိုင်ငံဘက်ခြမ်း အဆို ပါ နယ်စပ်ဒေသအုပ်ချုပ်ခွင့်ဆိုင်ရာ ဝန်ကြီးချုပ် Chaudhry Abdul Majeed သည် ၄င်းအား ထောက်ခံသူများနှင့် အတူ အိန္ဒိယဆန့်ကျင်ရေး လှုံ့ဆော်မှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အငြင်းပွားနေသည့် ကက်ရှ်မီး ယားဒေသ နယ်နိမိတ်ချိုးဖောက်ေ ကြာင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက်   အိန္ဒိယနှင့် ပါကစ္စတန်ကြား အပြန်အ လှန်စွပ်စွဲချက်များဆက်လက် ထွက်ပေါ် လာခဲ့သည်။

 သြဂုတ် ၁၃ ရက် နံနက်က ပါကစ္စ တန်သည် အိန္ဒိယနိုင်ငံ ဂျမ်ပူးဒေသ သို့ ပစ်ခတ်ခဲ့ကြောင်း အိန္ဒိယဘက်က စွပ်စွဲ ပြောဆိုခဲ့ပြီး သြဂုတ် ၁၂ ရက်တွင်မူ ပါ ကစ္စတန်တို့က အိန္ဒိယနိုင်ငံဆိုင်ရာ ဒုတိ ယ မဟာမင်းကြီးကို ဆင့်ခေါ်၍ အဆို ပါနယ်စပ်ဒေသ၌ ၄င်းတို့နိုင်ငံသား တစ်ဦး အသတ်ခံခဲ့ရကြောင်း ပြောဆိုခဲ့ သည်။

 ထို့အပြင် ၂ဝဝ၃ ခုနှစ် အပစ် အခတ်ရပ်ဆဲရေး ညှိနှိုင်းဆွေးနွေးမှုကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့်တစ် ဖက် ပြစ်တင်ခဲ့ကြသည်။

 တစ်ဖက်နှင့်တစ်ဖက် အပြန်အ လှန် စွပ်စွဲနေမှုများ သည် နောက် လတွင် ကျင်းပမည့် ကုလသမဂ္ဂဆိုင်ရာ အထွေ ထွေညီလာခံသို့ တက်ရောက်မည့် နှစ် နိုင်ငံဝန်ကြီးချုပ်များအတွက် ဆွေးနွေး စရာဖြစ်ကြောင်း အစ္စလာမ် မာဘတ် မြို့ရှိ BBC သတင်းထောက် 
ချားလ်ဟာဗီလန်း က ပြောကြားသည်။

 ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် သြဂုတ် ၁၂ ရက်က ပါကစ္စတန်သို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။ ၄င်းသည် အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံအချင်းချင်း ရန်လို နေမှုကို ဖြေရှင်းရန်တိုက်တွန်းခဲ့ကြောင်း ၄င်း၏ပြောရေးဆိုခွင့် ရှိသူက ပြောကြား သည်။

သိင်္ဂီဝင်း
Ref:BBC

No comments:

Post a Comment