Pages

Friday, August 16, 2013

ဂျပန်ကုန်သွယ်ရေးဝန်ကြီး မြန်မာနဲ့ ဘရူနိုင်းကို လာမယ်

သြဂုတ်လ(၁၆)ရက်
Photo: ဂျပန်ကုန်သွယ်ရေးဝန်ကြီး မြန်မာနဲ့ ဘရူနိုင်းကို လာမယ်

16.8.2013

ဂျပန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး တိုရှီမစ်ဆူ မိုတီဂီ က အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့အတွက်နဲ့ ဒေသတွင်းမှာ အခွန်လွတ် ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေကို အတည်ပြု ညှိနှိုင်းဆွေးနွေးဖို့အတွက် ဘရူနိုင်းနဲ့ မြန်မာနိုင်ငံတွေကို လာမယ့်အပတ်မှာ သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ သိရပါတယ်။

တိုရှီမစ်ဆူ မိုတီဂီ က ဘရူနိုင်းနိုင်ငံမှာ တနင်္လာလနေ့ကျရင် ကျင်းပမဲ့ ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့လို့ခေါ်တဲ့ အခွန်လွတ်ကုန်သွယ်ရေး နိုင်ငံတွေမှာပါဝင်တဲ့ ၀န်ကြီး အစည်းအဝေးကို တက်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့ထဲမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ဆယ်နိုင်ငံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ပါဝင်ပါ တယ်။

ဒီလို အခွန်လွတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို ပြုလုပ်သွားဖို့အတွက် မေလကတည်းက သဘောတူညီမှုတွေ ရရှိထားတာဖြစ်ပြီး ၂၀၁၅ခုနှစ်ကျရင် အဆုံးသတ် ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့အနေနဲ့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အာဆီယံဆိုင်ရာ စီးပွားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲတွေကို တက်ရောက်ပြီးမှပဲ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ ဂျပန် ကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်း ၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းနဲ့ တခြား အဓိကကျတဲ့ အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပြီးတော့ စနေနေ့မှာ ဂျပန်နိုင်ငံကို ပြန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံ ဆယ်နိုင်ငံက အလံတော်များ

ABC Radio Australia
အာဆီယံ ဆယ်နိုင်ငံက အလံတော်များ
ဂျပန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး တိုရှီမစ်ဆူ မိုတီဂီ က အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့အတွက်နဲ့ ဒေသတွင်းမှာ အခွန်လွတ် ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေကို အတည်ပြု ညှိနှိုင်းဆွေးနွေးဖို့အတွက် ဘရူနိုင်းနဲ့ မြန်မာနိုင်ငံတွေကို လာမယ့်အပတ်မှာ သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ သိရပါတယ်။

တိုရှီမစ်ဆူ မိုတီဂီ က ဘရူနိုင်းနိုင်ငံမှာ တနင်္လာလနေ့ကျရင် ကျင်းပမဲ့ ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့လို့ခေါ်တဲ့ အခွန်လွတ်ကုန်သွယ်ရေး နိုင်ငံတွေမှာပါဝင်တဲ့ ၀န်ကြီး အစည်းအဝေးကို တက်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့ထဲမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ဆယ်နိုင်ငံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ပါဝင်ပါ တယ်။

ဒီလို အခွန်လွတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို ပြုလုပ်သွားဖို့အတွက် မေလကတည်းက သဘောတူညီမှုတွေရရှိထားတာဖြစ်ပြီး၂၀၁၅ခုနှစ်ကျရင်အဆုံးသတ် ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ဒေသတွင်းဘက်စုံ စီးပွားပူးတွဲ လုပ်ကိုင်ရေးအဖွဲ့အနေနဲ့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အာဆီယံဆိုင်ရာ စီးပွားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲတွေကို တက်ရောက်ပြီးမှပဲ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ ဂျပန် ကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်း ၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းနဲ့ တခြား အဓိကကျတဲ့ အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပြီးတော့ စနေနေ့မှာ ဂျပန်နိုင်ငံကို ပြန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment