ငါးမန်းတစ်ကောင်၏ ဝမ်းဗိုက်အတွင်းမှ ပေါင် ၂ဝဝ အလေးချိန်ရှိ ပင်လယ်ဖျံ
သြဂုတ်လ(၁၃)ရက်
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ကမ်းခြေတစ်ခုတွင် ငါးဖမ်းသမားများ
ဖမ်းဆီးခဲ့သော အရှည် ၁၂ ပေရှိ Mako အမျိုးအစား ငါးမန်းတစ်ကောင်ကို ငါးမန်း
သုတေသီများက ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ ဝမ်းဗိုက် အတွင်းမှ
ပေါင် ၂ဝဝ အလေးချိန်ရှိ ပင်လယ်ဖျံ တစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ သုတေသန အဖွဲ့မှ ဒေါက်တာ အန်တိုနယ် လာပရက်တီသည်
ငါးမန်းကောင်ရေပေါင်း များစွာ၏ ဝမ်းဗိုက်များကို ခွဲစိတ် လေ့လာခဲ့ ဖူးရာ
ယခု ဖမ်းမိသော ငါးမန်း၏ ဝမ်းဗိုက်အတွင်းမှ တွေ့ရှိရသော အစားအ စာမှာ
အကြီးမားဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသား သမုဒ္ဒရာနှင့် လေထု ထိန်းချုပ်ရေး အဖွဲ့၏ ပြောကြားချက် အရ
နှစ်စဉ် ငါးမန်းကောင်ရေပေါင်း သန်း တစ်ရာခန့် သတ်ဖြတ်ခြင်း ခံနေရပြီး
ငါးမန်းတောင် ဟင်းချိုမှာ တရုတ်နိုင်ငံတွင် အလွန် ရောင်းကောင်း သော
ဟင်းလျာတစ်မျိုး ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment