သြဂုတ်လ(၁၃)ရက်

ဧရာဝတီတိုင်း၊
ကြံခင်းမြို့သည် အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ ပထမဦးဆုံး
အမျိုးသားရေးတရား (ထလော့…မြန်မာ…ရွှေမြန်မာ) စတင်ဟောကြားရာ
မြို့လေးတစ်မြို့ဖြစ်သလို မူဆလင်များနှင့် ချစ်ကြည်ရေးနှင့်
ငြိမ်းချမ်းရေးကို ပထမဦးဆုံး တည်ဆောက်နိုင်ခဲ့သော မြို့တော်လည်းဖြစ်ပါသည်။
ကြံခင်းမြို့မှ
မူဆလင်များသည် ဦးဝီရသူတောင်းဆိုသော "အုပ်စုဖွဲ့အနိုင်မကျင့်ရ၊
အာဏာပိုင်နှင့်ပေါင်း၍ အနိုင်မကျင့်ရ၊ ငွေကြေးအင်အားသုံး၍ အနိုင်မကျင့်ရ၊
မူဆလင်အချင်းချင်းသာ လက်ထပ်ရမည်၊ ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်အောင်
နေထိုင်ရမည်" ဟူသော အချက်အလက်များကို အာမခံချက်ပေးကတိပြုထားပြီး၊
အေးအေးလူလူနေထိုင်ကြသော လူကောင်း သူကောင်း မူဆလင်များဖြစ်ကြပါသည်။
ဆရာတော် ဦးဝီရသူကလည်း ထိုသို့သော မူဆလင်များ၏ အသက်အိုးအိမ် စည်းစိမ်နှင့် ဘဝလုံခြုံမှုအားလုံးအတွက် အာမခံချက်ပေးထားပြီးဖြစ်ပါသည်။
ကြံခင်းမြို့တွင်
မူဆလင်များနှင့် ၂၀၁၂ ဧပြီလတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပြီး၊
၂၀၁၃ ခုနှစ် ဧပြီလတွင် မြန်အောင်မြို့ ၌ ငြိမ်းချမ်းရေးတည်ဆောက်မှုများ
တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယခုအခါ တည်ငြိမ်အေးချမ်းနေသော
ကြံခင်းမြို့တော်လေးကို ကောလာဟလလွှင့်ကာ အေးအေးလူလူ လုပ်ကိုင်စားသောက်နေသော
မူဆလင်ကောင်းများ စိတ်အနှောက်အယှက်ဖြစ်အောင် ဖန်တီးနေသူများရှိလာကြောင်း
သိရပါသည်။
သို့ဖြစ်ပါ၍ ချစ်ကြည်ရေးနှင့်
ငြိမ်းချမ်းရေးလုံးဝအထိအခိုက်မခံနိုင်သော ရဟန်းရှင်လူ ပြည်သူများက
အဖျက်အမှောင့် ပယောဂများကို ဝိုင်းဝန်းနှိမ်နှင်းရန်
စီစဉ်နေကြပြီဖြစ်ပါသည်။ မြို့ရွာတည်ငြိမ် အေးချမ်းရေးကို လိုလားသော
မည်သူမဆို ပါဝင် ကူညီကြစေလိုပါသည်။
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံးစမ်းခြင်းဖြင့် ကောလာဟလကို ထိန်းချုပ်ကာ စိုးရိမ်သောကကင်းစွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။
နဝင်းကုဏ်းကျောင်း 044-40186
မြို့နယ်ရဲမှူးရုံး 044-40060
ရဲစခန်း 044-40284
ဦးအိသူ 09-422557621


No comments:
Post a Comment