Pages

Tuesday, August 13, 2013

တိုင်းရင်းသား ပါတီများနဲ့ အပစ်ရပ်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည်

သြဂုတ်လ(၁၃)ရက်

တိုင်းရင်းသား ပါတီများနဲ့ အပစ်ရပ်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည်

13.8.2013

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်ကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အခုလကုန်ပိုင်းမှာ ကျင်းပသွားဖို့ ရှိတယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ဒီနေ့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နဲ့ တိုင်းရင်းသားပါတီတွေရဲ့ တတိယအကြိမ်မြောက် ဆွေနွေးပွဲဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် အဓိကရည်ရွယ်ကျင်းပတာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က RFA ကို ပြောပါတယ်။

“အရင်တုန်းက ရှမ်းနဲ့ ကယားလုပ်တယ်လေ၊ ပြီးတော့ ရှမ်း၊ ကယားရယ်နဲ့ မွန်ရယ် အဲလိုပြောထားကြတယ်၊ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံး အပစ်အခတ်ရပ်စဲထားတဲ့၊ အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးပါမှာပေါ့၊ အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်တာပါ”

ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာလက အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတို့ ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရှမ်းပြည်နယ်၊ ကယားပြည်နယ် ကိုယ်စားပြုပါတီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ လားရှိုးမြို့မှာ ဒုတိယအကြိမ်ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment