Pages

Tuesday, August 13, 2013

KNU အဖွဲ့မှ ရွာသား များအား အကြောင်းမဲ့ ခေါ်ဆောင်သွား ……….

သြဂုတ်လ(၁၃)ရက်
KNU အဖွဲ့မှ ရွာသား များအား အကြောင်းမဲ့ ခေါ်ဆောင်သွား ………. 

13.8.2013

ကျောက်ကြီးမြို့နယ် ကော့ပြင်းကျေးရွာမှ ကိုအေး ၃၅နှစ်၊ ဦးသန်းလွင် ၅ဝနှစ်၊ ဦးဖိုးသောင်း ၅၅နှစ်၊ ဦးမြင့်နောင် ၄၅နှစ်၊ ကိုအရှည်ကြီး ၃၅နှစ်နှင့် ကိုအောင်ဇော်မျိုး ၃၄နှစ်တို့သည် ကျေးရွာအနီး တောတွင်း၌ မျှစ်ချိုးခြင်း၊ မီးသွေးဖုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် သြဂုတ် ၈ရက် ညနေ ၆နာရီ အချိန်ခန့်တွင် KNU အဖွဲ့ တပ်မဟာ (၃)၊ တပ်ရင်း(၈)မှ တပ်စုမှူး အဆင့်ရှိ သောဒီ ပလက်ဝါး ဦးစီး ခုနစ်ဦးက လက်နက်ငယ် အချို့ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ရွာသား များအား ၎င်းတို့ နေထိုင်ရာ အတွင်းပိုင်းသို့ အကြောင်းမဲ့ ခေါ်ဆောင် သွားသည်။

ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများသည် မိမိတို့၏ ဘဝ ရပ်တည် နေထိုင်နိုင်ရေးအတွက် ရိုးသား အေးဆေးစွာဖြင့် ရှာဖွေလုပ်ကိုင် စားသောက်နေထိုင် လိုကြသော်လည်း ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်းမှုနှင့် ဘဝလုံခြုံမှု မရှိဘဲ အထိတ်တလန့်ဖြင့် နေထိုင်ကြရလျက် ရှိကြောင်း သတင်း ရရှိသည်။

Myawady

No comments:

Post a Comment