သြဂုတ်လ(၂၄)ရက်
လားရှိုးမြို့ ရပ်ကွက် (၉)၊ အောင်ရတနာလမ်းသွယ် (၆)တွင် ကလေးနှစ်ယောက်မိခင်ဖြစ်သူ မနှင်းနှင်းထွန်းဆိုသူအား ညဘက်အိပ်ပျော်နေစဉ် ပုဆိန်ဖြင့် ၀င်ရောက်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရားခံဟု ယူဆရသူ ကိုလေးဆိုသူအား အမှတ်(၆)နယ်မြေရဲကင်းမှ (ပ) ၁၀၂၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် တရားလိုပြုလုပ်ပြီး လားရှိုးမြို့နယ်တရားရုံးတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှ
ကိုလေးနှင့် ဆွေမျိုးတော်စပ်သူ ဘုန်းတော်ကြီးကျောင်းမှဆရာတော်က
အသက် ၄၁ နှစ် ရှိပြီဖြစ်သည့် ကိုလေးသည် မနှင်းနှင်းထွန်းအား အရိုးအသွား (၄)လက်မ၊ အရှည် (၂)ပေခန့်ရှိသော ပုဆိန်ဖြင့် မျက်နှာနှင့် လည်ပင်းတို့အားခုတ်ခဲ့ ကြောင်း သေဆုံးသူ၏ဖခင် ဦးတင်ထွန်းက ပြောကြားသည်။
သေဆုံးသူ မနှင်းနှင်းထွန်းသည် ရပ်ကွက်အတွင်း လှည့်လည်အ၀တ်လျှော်ခြင်း၊ ပန်းရံလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ခြင်း စသည့် ကျဘမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
themyanmaage
No comments:
Post a Comment