Pages

Saturday, August 24, 2013

မိုင်းပြင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအား ရှားပါးစရိတ်၊ လုပ်ခလစာများ တိုးမြှင့်ပေးရန်


သြဂုတ်လ(၂၄)ရက်

Photo: မိုင်းပြင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအား ရှားပါးစရိတ်၊ လုပ်ခလစာများ တိုးမြှင့်ပေးရန်

၂၄.၈.၂၀၁၃

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပြင်းမဲဆန္ဒနယ် မှ ဦးစိုင်းထွန်းစိန်က မိုင်းပြင်းမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါသောကြောင့် ကုန်ဈေးနှုန်းကြီးမြင့်
၍ ၀န်ထမ်းများအနေဖြင့် တာဝန်ကျရာဒေသများသို့ ခက်ခဲပင်ပန်းစွာ
တာဝန် ထမ်းဆောင်ရာတွင် နိုင်ငံတော်မှထောက်ပံ့ပေးသောလုပ်ခ၊ လစာငွေ နှင့် ချို့တဲ့စွာ သုံးစွဲနေရသည့် အပြင် ဌာနဆိုင်ရာ ရုံးကိစ္စများ၊ သင်တန်းနှင့် လစာထုတ်ကိစ္စများဖြင့် ခရီးသွားကြသည့်အခါ ၀င်ငွေနှင့် မျှတမှု မရှိပါကြောင်း အခြားနယ်စပ်မြို့နယ်များ နည်းတူ ဒေသတွင်း
ရှားပါးစရိတ်၊ လုပ်ခ၊ လစာငွေများတိုးမြှင့် ထောက်ပံ့ပေးရန် အစီအစဉ်
နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘဏ္ဍာရေး ဒုဝန်ကြီးဒေါက်တာ
လင်းအောင်က ယခင် အစိုးရများလက်ထက် တွင် ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ် ၈၇ မြို့နယ်ကိုသတ်မှတ်ရာ၌ မိုင်းပြင်းမြို့နယ်သည် လူမှုရေး ခက်ခဲသည့် အဆင့်မှာ ပါဝင်ခြင်း မရှိပါကြောင်း၊ လူမှုရေးခက်ခဲသည့် ဒေသများတွင်ရှိသည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစား ခွင့်ပြုရေးအတွက် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လူမှုရေးခက်ခဲသည့် မြို့နယ်/မြို့နယ်ခွဲ ၈၇ ခု အပြင် လုံခြုံရေး၊ စီးပွားရေး၊ လမ်းပန်း
ဆက်သွယ်ရေးခက်ခဲသည့် ဒေသများထပ်မံကျန်ရှိခြင်းရှိ/မရှိ စိစစ်
တင်ပြရာတွင် ဒေသ ၂၂ ခုကို ဝေးလံ ခေါင်သီသောဒေသအဖြစ် ထပ်မံသတ်မှတ်သင့်ကြောင်းတင်ပြရာတွင်လည်း မိုင်းပြင်းမြို့နယ်ကို တင်ပြခဲ့ခြင်း မရှိပါကြောင်း ဖြည့်စွက်တင်ပြလာသည့်ဒေသ ၂၂ ခု
ကို ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများအဖြစ် ထပ်မံ
ဖြည့်စွက်ပြီး စုစုပေါင်းဒေသ ၁၀၉ ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတွေအတွက် ဒေသစရိတ်ခံစားခွင့်များကို ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၈၆/၂၀၁၃ ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနမှလည်း မိုင်းပြင်းမြို့နယ်သည် တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမ
ကြီးပေါ်တွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး
ဝေးလံခေါင်သီ သော ဒေသမှာပါဝင်ခြင်းမရှိသည့် အတွက် မိုင်းပြင်း
မြို့နယ် အတွင်း တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများကို နယ်စပ်မြို့နယ်များနည်းတူ ဒေသတွင်းရှားပါးစရိတ်၊ လုပ်ခလစာ
များတိုးမြှင့် ထောက်ပံ့ ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။

ပြည်သူ့လွှတ်တော်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပြင်းမဲဆန္ဒနယ် မှ ဦးစိုင်းထွန်းစိန်က မိုင်းပြင်းမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါသောကြောင့် ကုန်ဈေးနှုန်းကြီးမြင့်၍ ၀န်ထမ်းများအနေဖြင့် တာဝန်ကျရာဒေသများသို့ ခက်ခဲပင်ပန်းစွာတာဝန် ထမ်းဆောင်ရာတွင် နိုင်ငံတော်မှထောက်ပံ့ပေးသောလုပ်ခ၊ လစာငွေ နှင့် ချို့တဲ့စွာ သုံးစွဲနေရသည့် အပြင် ဌာနဆိုင်ရာ ရုံးကိစ္စများ၊ သင်တန်းနှင့် လစာထုတ်ကိစ္စများဖြင့် ခရီးသွားကြသည့်အခါ ၀င်ငွေနှင့် မျှတမှု မရှိပါကြောင်း အခြားနယ်စပ်မြို့နယ်များ နည်းတူ ဒေသတွင်းရှားပါးစရိတ်၊ လုပ်ခ၊ လစာငွေများတိုးမြှင့် ထောက်ပံ့ပေးရန် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘဏ္ဍာရေး ဒုဝန်ကြီးဒေါက်တာလင်းအောင်က ယခင် အစိုးရများလက်ထက် တွင် ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ် ၈၇ မြို့နယ်ကိုသတ်မှတ်ရာ၌ မိုင်းပြင်းမြို့နယ်သည် လူမှုရေး ခက်ခဲသည့် အဆင့်မှာ ပါဝင်ခြင်း မရှိပါကြောင်း၊ လူမှုရေးခက်ခဲသည့် ဒေသများတွင်ရှိသည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစား ခွင့်ပြုရေးအတွက် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လူမှုရေးခက်ခဲသည့် မြို့နယ်/မြို့နယ်ခွဲ၈၇ခုအပြင်လုံခြုံရေး၊စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများထပ်မံကျန်
ရှိခြင်းရှိ/မရှိ စိစစ်တင်ပြရာတွင် ဒေသ ၂၂ ခုကို ဝေးလံ ခေါင်သီသောဒေသအဖြစ် ထပ်မံသတ်မှတ်သင့်ကြောင်းတင်ပြရာတွင်လည်း မိုင်းပြင်းမြို့နယ်ကို တင်ပြခဲ့ခြင်း မရှိပါကြောင်း ဖြည့်စွက်တင်ပြလာသည့်ဒေသ ၂၂ ခုကို ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများအဖြစ် ထပ်မံဖြည့်စွက်ပြီး စုစုပေါင်းဒေသ ၁၀၉ ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတွေအတွက် ဒေသစရိတ်ခံစားခွင့်များကို ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၈၆/၂၀၁၃ ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနမှလည်း မိုင်းပြင်းမြို့နယ်သည် တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီးဝေးလံခေါင်သီ သော ဒေသမှာပါဝင်ခြင်းမရှိသည့် အတွက် မိုင်းပြင်းမြို့နယ် အတွင်း တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများကို နယ်စပ်မြို့နယ်များနည်းတူ ဒေသတွင်းရှားပါးစရိတ်၊ လုပ်ခလစာများတိုးမြှင့် ထောက်ပံ့ ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။

ပြည်သူ့လွှတ်တော်

No comments:

Post a Comment