Pages

Thursday, August 29, 2013

အိုင်တီကုမ္ပဏီများ အပါအဝင် လုပ်ငန်း ၁၂ ခုရှိအလုပ်အကိုင်များအား လုပ်ကိုင်နိုင်ရန် စင်ကာပူရောက် မြန်မာများသို့ သွားရောက် ကမ်းလှမ်း

29.8.2013

မြန်မာနိုင်ငံ၏ ပြောင်းလဲနေမှုများတွင် တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်နိုင်ရန် အတွက် IT ကုမ္ပဏီများ အပါအဝင် လုပ်ငန်းပေါင်း ၁၂ ခုရှိ အလုပ်အကိုင်များအား လုပ်ကိုင်နိုင်ရန် စင်ကာပူ ရောက် မြန်မာနိုင်ငံသားများအား သွားရောက် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ Peninsula. Excelsior Hotel တွင် Myanmar Jobs Fair in Singapore အဖြစ်ကျင်းပခြဲ့ခင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ကမ်းလှမ်းခဲ့ကြကြောင်းသိရသည်။ “ဒီအလုပ်အကိုင် အခွင့်အလမ်းပွဲကို လာရောကသ်ူ၃၀၀၀ နီး ပါးရခှိ ပဲ့ါတယ။အရည်အချင်းရှိတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံမှာ ပြန်လည်အလုပ်လုပ်ကိုင်နိုင်ဖို့နဲ့ အခွင့်အရေးတွေကို ဆွေးနွေးနိုင်ဖို့အတွက်အခွင့် အလမ်းတစ်ရပ်အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်က အလုပ်အကိုင်ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင်တွေကြား ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပွဲစီစဉ်ကြီးကြပ်သူဖြစ်သော CDC မှ ဒါရိုက်တာ ဦးကျော်လင်းထွန်းကပြောသည်။ MMRD ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ Carrer Development Consultancy Co., Ltd (CDC) မှ ကြီးမှူး၍ သြဂုတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ခေါ်တဲ့ Level တွေက အစုံပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်ဆိုတာ ပြချင်တဲ့ သဘောနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီလိုပွဲတွေလုပ်ဖို့ ရှိတယ်” ဟု CDC မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုပြည့်စုံမင်းက ပြောသည်။ အဆိုပါပွဲတွင် လာရောက်လျှောက်ထားမှုများပြားခဲ့ကြောင်း၊ ၎င်း Job Fair နှင့်အလားသဏ္ဌာန်တူသော ပွဲများကို အခြားအိမ်နီးချင်းနိုင်ငံများတွင်လည်း ထပ်မံကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Job Fair တွင် ပါဝင်သော ကုမ္ပဏီများအနေဖြင့် City Mart Holding, Coca Cola Pinya Beverages , KBZ Bank , Ooredoo, Nokia Siemens Network, Fonterra, CDSG, Schneider Electric, Forever Group, AA Medical, Myanmar Brewery နှင့် MMRD တို့ ပါဝင်ခဲ့ကြောင်းသိရသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင် ပြောင်းလဲနေသော အလုပ်အကိုင်၊ အခွင့်အလမ်းများ သိရှိနိုင်ပြီး ကုမ္ပဏီ လုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်အောင် လုပ်ငန်းရှင်များနှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်တာနက်ဂျာနယ်

No comments:

Post a Comment