Pages

Thursday, August 29, 2013

ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဗီးယားအား ရှမ်းလူမျိုးများအပေါ် KIAမှ လူအခွင်.အရေး ချိုးဖောက်မှု.များနှင်. ပတ်သက်၍ ကော်မတီဝင် ဦးစိုင်းထိန်လင်းမှ တင်ပြ

29.8.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ (၂၈.၈.၂၀၁၃)ရက်နေ.တွင် ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာနမ်ဗီးယားအား ရှမ်းမျိုးနွယ်စု ယဉ်ကျေးမှု.ကော်ဝတီဝင် (ကချင်ပြည်နယ်)က ဦး စိုင်းထိန်လင်းမှ သွားရောက် တွေ.ဆုံပြီး ကချင်ပြည်နယ် အတွင်းရှိ ရှမ်းလူမျိုးများ၏ သဘောထားအမြင်ကို ပြောကြားခဲ.ကြောင်း သိရှိရပါတယ်။ ရှမ်းလူမျိုးများ၏ သဘောထား အမြင်တွင် KIA တို.၏ အဖျက်လုပ်ငန်းများ ပြုလုပ်နေမှု.များ ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ.သော စစ်ပွဲများကြောင်. ရှမ်းလူမျိုးတွေဟာ ငြိမ်းချမ်းရေးကို အဓိကလိုလားနေသူများ ဖြစ်ကြောင်း ၊ အခုလို ပြည်နယ်တွင်းက ရှမ်းတိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ရှင်းပြတော့ မစ္စတာနမ်ဗီးယားက ဒီအကြောင်းတွေ သူမသိခဲ.သလို အံ့သြနေပါတယ်။ ကေအိုင်အို အဖွဲ့တွေဟာ ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ လူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတယ်လို့ ထင်ထားခဲ.ကြောင်း၊ အခုလို သိရတဲ့အတွက် အရင်တွေးထင်ထားခဲ.တာတွေ မှားပါတယ်လို့ ၀န်ခံပြောကြားလာခဲ့ကြောင်း သိရှိရပါတယ်။ ဆက်လက်ပြီး ကေအိုင်အေ အကြမ်းဖက် သောင်ကြမ်းသူများသည် ကချင်ပြည်နယ်တွင်းရှိ လမ်းတံတား အဆင်းပေါင်း (၂၀၀)ကျော်အား မိုင်းခွဲဖျက်ဆီးခဲ.ကြောင်းနှင်. ရထားလမ်း ဖောက်ခွဲမှု.၊ ဒုက္ခသည် စခန်းများတွင်လည်း ကချင်လူမျိုးရွှေ.ပြောင်းမိသားစုများသာ အများစုနေထိုင်ကြကြောင်း ၊ ရှမ်းလူမျိုး ပြောင်းရွေ.မိသားစုများသည် ကူညီ ထောက်ပံ.မှု.ကို ရယူလက်ခံရန် ရှက်ရွှံ.ကြသည်အတွက် ရပ်ဆွေ/ရပ်မျိုးများ၏ နေအိမ်များ ၊ ရှမ်းဘုန်းကြီးကျောင်းများတွင်သာ နေထိုင်ကြောင်း စသည် အခြေအနေများကို ဦးစိုင်းထိန်လင်းမှ တင်ပြခဲ.သောအခါ အဆိုပါလုပ်ရပ်များအား သူလုံးဝမသိကြောင်း ၊ အခုလို ပြောပြမှသာ သိရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ.တယ်လို. သိရှိရပါတယ်။ ရှမ်းလူမျိုးတွေဟာ အစိုးရနဲ. ကေအိုင်အေကြား မြေဇာပင်ဖြစ်ခဲ.ရသည်. အကြောင်းများကိုလည်း ဆက်လက် တင်ပြခဲ.ပါတယ် လို. သိရှိရပါသည်။ အဓိက ကတော. နယ်မြေခံဖြစ်တဲ. ကေအိုင်အေရဲ. ဆက်ကြေးတောင်းခြင်း ၊ လူသစ်စုဆောင်းခြင်း ၊ အဓမ္မပြု စော်ကားခြင်းတွေကို ရှမ်းရွာတွေမှာ ခံစားနေရပါတယ်။ ကေအိုင်အေတို.သည် အများပြည်သူပိုင် လမ်းတံတားများ ၊ မီးရထားများကိုတင် ဖျက်ဆီးတာ မဟုတ်ဘဲ ပြည်နယ်တွင်းမှာရှိသော ကချင်လူမျိုးများမှအပ ကျန်လူမျိုးများ အပေါ်တွင်လည်း နိုင်ထက်စီးနင်း မှု.များ ပြုလုပ်ခဲ.ကြတယ်လို. သိရှိရပါသည်။ယခင်က ကမ္ဘာတစ်ဝန်းမှ အများသိ ကြသည့် အကြမ်းဖက် များဖြစ်သော တာလီဘန် ၊ အယ်လ်ကိုင်ဒါ ၊ ဆိုမာလီ ပင်လယ်ဓားပြ စသည် တို့ကိုသာ သိရှိ ကြသော်လည်း ယခုအခါတွင် မြန် မာ နိုင်ငံတွင် ကေအိုင်အေ ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာပြီဖြစ်ကြောင်း ၊ ယနေ့ KIA ဟူသော အကြမ်းဖက် အဖွဲ့အစည်း ၏ လုပ်ရပ် များကြောင့် ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည် ညိုးနွမ်းလျက် ရှိကြောင်း ၊ မြန်မာ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဖြစ်သည်. အတွက်ကြောင်.ထာဝရ ငြိမ်းချမ်းရေးရယူရန် တိုက်တွန်းလိုကြောင်း တင်ပြဆွေးနွေးသွားခဲတယ်လို. သိရှိရပါသည်။

No comments:

Post a Comment