မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု
28.7.2013
မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း
များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ
သိရသည်။
မြန်မာနိုင်ငံတွင်
မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့်
မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည်
လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန်
ကြာမြင့်စွာ နေထိုင်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား
မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်း ဦးစီးဌာနမှူး ရုံးထံ နေထိုင်ခွင့် သက်တမ်း
အကြိမ်ကြိမ် တိုးမြှင့် နေထိုင်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင်
ဖော်ပြထား သည်။
မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသည့်
နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းသည် (လူမှုရေး) ပြည်ဝင်ဗီဇာဖြင့်
ဝင်ရောက်လာပြီး မြန်မာနိုင်ငံ တွင် နေခွင့်သက်တမ်း တိုးမြှင့်လိုပါက
မည်သည့်ဌာန အကြီးအကဲ၏ သဘော တူညီချက်ကိုမျှ ရယူရန် မလိုဘဲ ဆန္ဒရှိသရွေ့
အကြိမ်ကြိမ် တိုးမြှင့် နေထိုင်ခွင့် ပြုပေးနေကြောင်း လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။
“တခြား
နိုင်ငံသား ခံထားတဲ့ မြန်မာတွေလည်း အလုပ် အခြေအနေအရ ဆိုတော့ အကြာကြီး
မနေနိုင်ပါဘူး။ မြန်မာနိုင်ငံသားနဲ့ ယူထားတဲ့ သူကတော့ ပြည်တွင်းမှာ
သူတို့အလုပ်ကိစ္စရှိတဲ့ အခါမျိုးဆို ကြာကြာနေ တာပါ” ဟု စင်ကာပူ နိုင်ငံသား
ခံယူထားသူ မြန်မာပြည်ဖွား အိုင်တီ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။
အဆိုပါ ပြည်ပ နိုင်ငံသားများ နေထိုင်ခွင့် သက်တမ်းအတွက် ဗီဇာ ခွင့်ပြုစဉ် က
၂၈ ရက်နှင့် ပထမအကြိမ် နေခွင့် သက်တမ်း သုံးလအတွက် အမေရိကန် ဒေါ်လာ ၃၆
ဒေါ်လာ ကောက်ခံပြီး ဒုတိယအကြိမ် နေခွင့် သက်တမ်း တိုးချိန်မှ စ၍
တစ်ကြိမ်လျှင် နေခွင့် ခြောက်လအတွက် ဒေါ်လာ ၉၀ ဖြင့် အကြိမ်ကြိမ်
သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သတင်း...The Voice Weekly
No comments:
Post a Comment