Pages

Monday, August 12, 2013

အသက်အုပ်စုလိုက် အာဟာရ အခြေအနေ လေ့လာခြင်းကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်နေပြီး အစာစားသုံးမှုကိုပါ ထည့်သွင်းလေ့လာမည်

သြဂုတ်လ(၁၂)

Photo: အသက်အုပ်စုလိုက် အာဟာရ အခြေအနေ လေ့လာခြင်းကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်နေပြီး အစာစားသုံးမှုကိုပါ ထည့်သွင်းလေ့လာမည် 

12.8.2013

အသက်အုပ်စုလိုက် အာဟာရ အခြေအနေ လေ့လာခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ဆောင်နေပြီး အစာစားသုံးမှုကိုပါ ထည့်သွင်း လေ့လာနေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနမှ သိရသည်။

အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ အတွင်းရှိ အာဟာရချို့တဲ့မှု ရာခိုင်နှုန်း မြင့်မားနေသည့် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်ရှိ မြို့နယ်များနှင့် ကချင်ပြည်နယ်ရှိ ယာယီစခန်းများတွင် ငါးနှစ်အောက် ကလေးငယ်များ၏ အစားအစာနှင့် အာဟာရ အခြေအနေကို ကွင်းဆင်း လေ့လာခဲ့ကြောင်းနှင့် လက်ရှိတွင် ချင်းပြည်နယ် အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များ၊ မကွေးတိုင်း ဒေသကြီး ချောက်နှင့် ရေစကြိုမြို့နယ်များတွင် အာဟာရ အခြေအနေများကို စောင့်ကြပ် ဖော်ထုတ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှု (Scaling Up Nutrition, SUN) နိုင်ငံများတွင် မြန်မာနိုင်ငံက အဖွဲ့ဝင် နိုင်ငံအဖြစ် ယခုနှစ် မေလအတွင်းက ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်း လုပ်ငန်းသည် ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များ အာဟာရ အခြေအနေ တိုးတက် ကောင်းမွန်လာရန် လှုပ်ရှားဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်က စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေး စည်းရုံးမှု၊ အရင်းအမြစ် စုဆောင်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှု ကော်မတီများ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အဆင့် အနေဖြင့် အကြံပြုချက် ခြောက်ချက်ကို ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ကမ္ဘာ့အာဟာရ မြှင့်တင်ခြင်းလုပ်ငန်း လှုပ်ရှားမှုတွင် မြန်မာနိုင်ငံမှ ပါဝင်ရေးအတွက် ပထမအဆင့် အနေဖြင့် နိုင်ငံ၏ အာဟာရ အခြေအနေ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စီမံချက်များနှင့် နည်းဗျူဟာများကို ကနဦးစစ်တမ်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့် အနေဖြင့် အာဟာရ မြှင့်တင်ခြင်းလုပ်ငန်း လှုပ်ရှားမှုနှင့် လိုက်လျောညီထွေရှိသည့် မြန်မာနိုင်ငံ အစားအစာနှင့် အာဟာရဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် ရေးဆွဲထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေး စုစုပေါင်း၏ ၃၅ ဒ သမ ၁ ရာခိုင်နှုန်း (ကလေးသူငယ် ၂ ဒသမ ၅ သန်း) မှာ ကာလကြာရှည် ခံစားရသည့် အာဟာရချို့တဲ့မှု ဖြစ်နေပြီး ယင်းတို့အနက်မှ ရှစ်ရာခိုင်နှုန်းမှာ ပြင်းထန်အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနေရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အာဟာရ နိမ့်ကျခြင်းသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ကာယဥာဏနှင့် ကာယဗလ ဖွံ့ဖြိုးမှုကို ထိခိုက်မှု ဖြစ်စေပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ရင်းနှီးမြုပ်နှံမှု အပေါ်တွင်လည်း ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။

EMG

ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရပြည့်ဝစွာ စားသုံးတတ်စေရန် အသိပညာ ပေးနေစဉ်

No comments:

Post a Comment