Pages

Monday, August 12, 2013

ကျောက်စိမ်း တူးဖော်နေသော ကုမ္ပဏီများကို စိစစ်မည်ဖြစ်ပြီး ကျောက်စိမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ရေးဆွဲနေ

သြဂုတ်လ(၁၂)ရက်

Photo: ကျောက်စိမ်း တူးဖော်နေသော ကုမ္ပဏီများကို စိစစ်မည်ဖြစ်ပြီး ကျောက်စိမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ရေးဆွဲနေ 

12.8.2013

ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများကို စိစစ်ပြီး ကုမ္ပဏီသစ်များနှင့် သက်တမ်းကုန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် မပြုတော့ကြောင်းနှင့် ကျောက်စိမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ရေးဆွဲနေကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းများအား နောင်လာနောက်သား များအတွက် ကျန်ရစ်အောင် ထိန်းသိမ်းသင့်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံများက ပြောကြားသည်။

ဒုတိယသမ္မတက ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရှိခဲ့သည့် ကျောက်စိမ်း သယံဇာတသည် ယခုအချိန်တိုအတွင်း ကုန်ဆုံးသွားပါက နောင်လာနောက်သားများ လုပ်ကိုင်စားစရာ ရှိတော့မည် မဟုတ်ကြောင်းနှင့် ထိုသို့ မကုန်ဆုံး သွားစေရန် ထိန်းသိမ်းရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံများက ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများက မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် မြစ်ကြောင်း တိမ်ကောမှု ပြဿနာ၊ ဥရုချောင်း ရေကြီးမှုပြဿနာ၊ ဖားကန့်-မြစ်ကြီးနား လမ်းပိုင်းဆိုးရွားမှု ပြဿနာနှင့် တစ်နိုင်တစ်ပိုင် ကျောက်တူးခွင့် ကိစ္စတို့ကို တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာ ၀န်ကြီးများက ဥရုချောင်း ရှင်းလင်းရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီများ ပါဝင်သော အဖွဲ့အစည်း တစ်ရပ်ကိုလည်း ဖွဲ့စည်းထားကြောင်း၊ မြေစာအပါအ၀င် စွန့်ပစ်ပစ္စည်းများကို သတ္တုတွင်း ဥပဒေအရ ချောင်း၊ မြို့ရွာများနှင့် မီတာ ၃၀၀ ကျော်တွင် စွန့်ပစ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

EMG

ဖားကန့်မြို့ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

No comments:

Post a Comment