Pages

Friday, August 16, 2013

ဖားကန့်လမ်းပိုင်း ဆိုးရွားမှုမှာ ဒေသမအေးချမ်း၍ အချိန်ပြည့် မပြုပြင်နိုင်ခြင်းနှင့် တန်ပိုကားများ ဖြတ်ခြင်းကြောင့်ဟု ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးပြောကြား

သြဂုတ်လ(၁၆)ရက်

Photo: ဖားကန့်လမ်းပိုင်း ဆိုးရွားမှုမှာ ဒေသမအေးချမ်း၍ အချိန်ပြည့် မပြုပြင်နိုင်ခြင်းနှင့် တန်ပိုကားများ ဖြတ်ခြင်းကြောင့်ဟု ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးပြောကြား

15.8.2013

ကချင်ပြည်နယ် အတွင်းရှိ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ သို့သွားရာ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးမှုမှာ ဒေသ မအေးချမ်းသောကြောင့် အချိန်ပြည့် မပြုပြင်နိုင်ခြင်းနှင့် တန်ပိုကား များ ဖြတ်ခြင်းကြောင့်ဟု ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က ပြောကြားသည်။

"လွန်ခဲ့တဲ့ နှစ်တွေကထက် ဆိုးတာတော့ မဟုတ်ဘူး။ မနှစ်က ဗန်းမော်-မြစ်ကြီးနား လုံးဝသွားလို့ မရဘူး။ ဖားကန့်လမ်းပိုင်း၊ တနိုင်းလမ်းပိုင်းမှာ ဆင်တွေနဲ့ ဆွဲနေရတယ်။ ဒီနှစ်ဆိုးရတာက ဒေသမအေးချမ်းလို့ အချိန်ပြည့် မပြင်နိုင်တာနဲ့ တန်ပိုကားတွေ ဖြတ်လို့ဖြစ်ပါတယ်။ BOT စနစ်နဲ့ ချထားတာကြောင့် ၀န်ကြီးဌာနက ကြီးကြပ်ရတာပါ။ ပွင့်လင်းရာသီရောက်ရင် ကောင်း သွားမှာပါ" ဟု ဆိုသည်။

ယင်းလမ်းပိုင်းကို ရွှေနဂါးနှစ်ကောင် ကုမ္ပဏီအား BOT စနစ်ဖြင့် ချထားပေးခြင်းဖြစ်ပြီး ဒေသမအေးချမ်းမှုကြောင့် ၂၀၁၁ ခုနှစ်တွင် မပြင်နိုင်ဘဲ ၂၀၁၂ ခုနှစ်တွင် လအနည်းငယ်သာ ပြင်ဆင်နိုင်ခဲ့သည်။ ၂၀၁၃ ခုတွင် မေလရောက်မှသာ စတင်ပြင်ဆင်နိုင်ခဲ့သည်။ ယခုအချိန်တွင် ယင်းလမ်းပိုင်းပေါ်၌ မည်သည့်တရားဝင်ငွေကြေး ကောက်ခံမှုကိုမှ ခွင့်ပြုထားမှု မရှိကြောင်း ၀န်ကြီးက ဆိုသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ပြီး အစိုးရတပ်များနှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများ ရှိခဲ့ရာ တံတားအစင်း ၁၀၀ ကျော် မိုင်းခွဲခံရပြီး အများစုမှာ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း ပို့ဆောင်ရေး လုပ်ငန်းများတွင် မီးရထားနှင့် ကားလမ်းများကိုသာ အဓိက အသုံးပြုနေရပြီး လမ်းပိုင်းများ ကောင်းမွန်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းတစ်နေရာအား သြဂုတ်လ ပထမပတ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

No comments:

Post a Comment