Pages

Friday, August 16, 2013

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသူထံမှ ကျည်ဆန် ကိုးတောင့် တွေ့ရှိ



သြဂုတ်လ(၁၆)ရက်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ် ၁၃ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်က ပြည်ပသို့ ထွက်ခွာမည့် ထိုင်းနိုင်ငံသူ အသက် ၂၃ နှစ် အရွယ် အမျိုးသမီး တစ်ဦးထံမှ ကျည်ဆန်တောင့် ကိုးတောင့်ကို တွေ့ရှိ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ထိုင်းနိုင်ငံသူ Ms. Gomes Suraphanapa သည် ရန်ကုန်မြို့တော် မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခရီးစဉ်တွင် မြန်မာ အပြည်ပြည်ဆိုင် ရာ လေကြောင်းလိုင်း (MAI) ဖြင့် လိုက်ပါမည် ဖြစ်ပြီး ယင်းအမျိုးသမီး၏ ခရီးဆောင်အိတ်နှင့် လက်ဆွဲအိတ်များကို လေဆာစက် (X.ray) ဖြင့် စစ်ဆေးရာမှ ကျည်ဆန်များနှင့် ကျည်ဆန်ခွံ နှစ်ခုကို တွေ့ရှိ ခဲ့ကြောင်း လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုရဲမှူး သန်းအောင်က The Voice သို့ ပြောကြားသည်။

၎င်း၏ အိတ်တွင်းရှိ ထိုင်းစာတန်းပါ ကြွပ်ကြွပ်အိတ် အတွင်းမှ PMC.38 SPL, AP.04.38 SPL, Winchester. 38SPL, WW.38 SPL, RP.38 SPL နှင့် S&B.38 Special အမျိုးအစား စာတန်းများ ပါသော ခဲထိပ်ဖူး စတီး ကျည်တောင့် ခုနစ်တောင့်နှင့် R.P45Auto အမျိုးအ စား ကြေးထိပ်ဖူးပါ ကြေး ကျည်ဆန်ခွံ နှစ်တောင့် တွေ့ရှိ ခဲ့ကြောင်း လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးထံမှ သိရှိရသည်။

“သူ့ (ထိုင်းနိုင်ငံသူ) ကို မြို့နယ် တရားရုံးမှာ ရီမန် ယူပြီး ခုအင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ စစ်ဆေးနေပါတယ်” မင်္ဂလာဒုံ မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ကျည်ဆန်များ တွေ့ရှိသည့် ထိုင်းနိုင်ငံသူကို (ပ) ၅၀၅/၁၃၊ လက်နက် အက်ဥပဒေ ပုဒ်မ-၁၉(စ) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မင်္ဂလာဒုံ မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment