Pages

Friday, August 16, 2013

အိန္ဒိယ ရေငုတ်သင်္ဘောပေါက်ကွဲ ၁၈ ယောက် သေဆုံးလို့ယူဆ

သြဂုတ်လ(၁၆)ရက်

Photo: အိန္ဒိယ ရေငုတ်သင်္ဘောပေါက်ကွဲ ၁၈ ယောက် သေဆုံးလို့ယူဆ

15.8.2013

အိန္ဒိယနိုင်ငံ ဘုံဘေမြို့နားက ရေတပ်စခန်းရှိ ရေငုတ်သင်္ဘောထဲမှာ ပေါက်ကွဲ
ခဲ့တဲ့အတွက် ရေတပ်သားတချို့ သေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့ချိန်တုန်းက သင်္ဘောပေါ်မှာ ရေတပ်သား ၁၈ ယောက် ရှိနေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို သင်္ဘောထဲ မတွေ့တဲ့အတွက် သေဆုံးပြီလို့ ယူဆနေကြပါတယ်။ အိန္ဒိယနိုင်ငံအတွက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ မတော်တဆမှု ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် အစိုးရက စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေပါတယ်။

အိန္ဒိယနိုင်ငံက တချို့ သတင်းမှာ ဖော်ပြချက်အရ ရေငုတ်သင်္ဘောအတွင်း မီးလောင်မှုဖြစ်ခဲ့ပြီး မီးကြောင့် torpedos ရေမြုပ်ဗုံးနှစ်လုံး ပစ်လွတ်လိုက်သလို ဖြစ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗုံးတစ်လုံးကတော့ ကျောက်ချထားတဲ့ ရေငုတ်သဘောင်္တစ်စီးနား ဖြတ်သွားပြီး နောက်တစ်လုံးကတော့ အန္တရာယ်ကင်းစွာ ပင်လယ်ထဲ ဒါမှမဟုတ် အဆောက်အဦး တစ်ခုထဲ ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

အမှုထမ်းတွေက ရေငုတ်သင်္ဘောရဲ့ ဘက်ထရီကို ပြုပြင်မွမ်းမံမှုတွေလုပ်တုန်း မီးလောင်မှုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဖြစ်ရပ်မှန်ကိုတော့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထွက်ပေါ်မှသာ သိရမှာ ဖြစ်ပါတယ်။

ABC Radio Australia
ရေငုတ်သမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ပေမယ့် အသက်ရှင်ကျန်မယ့် လက္ခာဏာတွေ မတွေ့ရဘူးလို့ဆို (Credit: AFP)

အိန္ဒိယနိုင်ငံဘုံဘေမြို့နားက ရေတပ်စခန်းရှိ ရေငုတ်သင်္ဘောထဲမှာ ပေါက်ကွဲခဲ့တဲ့အတွက် ရေတပ်သားတချို့
 သေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့ချိန်တုန်းက သင်္ဘောပေါ်မှာ ရေတပ်သား ၁၈ ယောက် ရှိနေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို သင်္ဘောထဲ မတွေ့တဲ့အတွက် သေဆုံးပြီလို့ ယူဆနေကြပါတယ်။ အိန္ဒိယနိုင်ငံအတွက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ မတော်တဆမှု ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် အစိုးရက စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေပါတယ်။

အိန္ဒိယနိုင်ငံက တချို့ သတင်းမှာ ဖော်ပြချက်အရ ရေငုတ်သင်္ဘောအတွင်း မီးလောင်မှုဖြစ်ခဲ့ပြီး မီးကြောင့် torpedos ရေမြုပ်ဗုံးနှစ်လုံး ပစ်လွတ်လိုက်သလို ဖြစ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗုံးတစ်လုံးကတော့ ကျောက်ချထားတဲ့ ရေငုတ်သဘောင်္တစ်စီးနား ဖြတ်သွားပြီး နောက်တစ်လုံးကတော့ အန္တရာယ်ကင်းစွာ ပင်လယ်ထဲ ဒါမှမဟုတ် အဆောက်အဦး တစ်ခုထဲ ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

အမှုထမ်းတွေက ရေငုတ်သင်္ဘောရဲ့ ဘက်ထရီကို ပြုပြင်မွမ်းမံမှုတွေလုပ်တုန်း မီးလောင်မှုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဖြစ်ရပ်မှန်ကိုတော့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထွက်ပေါ်မှသာ သိရမှာ ဖြစ်ပါတယ်။

ABC Radio Australia
ရေငုတ်သမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ပေမယ့် အသက်ရှင်ကျန်မယ့် လက္ခာဏာတွေ မတွေ့ရဘူးလို့ဆို (Credit: AFP)

No comments:

Post a Comment