Pages

Friday, August 16, 2013

တာချီလိတ်မြို့၌ ၁၆.၈.၂၀၁၃ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအထိ လျှပ်စစ်မီး ခေတ္တပျက်မည်

သြဂုတ်လ(၁၆)ရက်
Photo: တာချီလိတ်မြို့၌ ၁၆.၈.၂၀၁၃ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအထိ လျှပ်စစ်မီး ခေတ္တပျက်မည်

16.8.2013

ပြီးခဲ့သော ရက်များက တာချီလိတ်မြို့နယ်အတွင်း မိုးများရွာသွန်းမှုဖြစ်ပွားခဲ့ရာ အချို့သော
နေရာများ၌ လျှပ်စစ်မီးကြိုးများ နှင့် ဓါတ်တိုင်များပေါ်တွင် သစ်ကိုင်းများ ကျိုးပဲ့ကာ တင်ကျန်နေခြင်းအပြင် သစ်ကိုင်းကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ အဆိုပါ သစ်ကိုင်းများအား ဖယ်ရှားရန်နှင့် ခုတ်ထွင် ရှင်းလင်းနိုင်ရန်အတွက် သြဂုတ်လ ၁၆ရက်နေ့ နေ့လည် ၁နာရီမှ ၃ နာရီအထိ လျှပ်စစ်မီး ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

"မီးကြိုးတွေပေါ်မှာ ကျိုးပဲနေတဲ့ သစ်ကိုင်းတွေနဲ့ မလွတ်ပဲရှိနေတဲ့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းဖို့အတွက် နက်ဖြန် နေ့လည် ၁ နာရီကနေ ၃ နာရီထိ မီးခဏပျက်ပါမယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က တာချီလိတ်မြို့ရှိ ပြည်သူအများ အနေဖြင့် မိမိတို့ လုပ်စရာရှိတာများကို ကြိုတင် လုပ်ဆောင်နိုင်ရန်အတွက် တာချီလိတ်အွန်လိုင်း သို့ အသိပေး ပြောကြားလာသည်။

Tachileik Online News
ပြီးခဲ့သော ရက်များက တာချီလိတ်မြို့နယ်အတွင်း မိုးများရွာသွန်းမှုဖြစ်ပွားခဲ့ရာ အချို့သောနေရာများ၌ လျှပ်စစ်မီးကြိုးများ နှင့် ဓါတ်တိုင်များပေါ်တွင် သစ်ကိုင်းများ ကျိုးပဲ့ကာ တင်ကျန်နေခြင်းအပြင် သစ်ကိုင်းကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ အဆိုပါ သစ်ကိုင်းများအား ဖယ်ရှားရန်နှင့် ခုတ်ထွင် ရှင်းလင်းနိုင်ရန်အတွက် သြဂုတ်လ ၁၆ရက်နေ့ နေ့လည် ၁နာရီမှ ၃ နာရီအထိ လျှပ်စစ်မီး ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

"မီးကြိုးတွေပေါ်မှာ ကျိုးပဲနေတဲ့ သစ်ကိုင်းတွေနဲ့ မလွတ်ပဲရှိနေတဲ့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းဖို့အတွက် နက်ဖြန် နေ့လည် ၁ နာရီကနေ ၃ နာရီထိ မီးခဏပျက်ပါမယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က တာချီလိတ်မြို့ရှိ ပြည်သူအများ အနေဖြင့် မိမိတို့ လုပ်စရာရှိတာများကို ကြိုတင် လုပ်ဆောင်နိုင်ရန်အတွက် တာချီလိတ်အွန်လိုင်း သို့ အသိပေး ပြောကြားလာသည်။

Tachileik Online News

No comments:

Post a Comment